လက်ရှိမှာ ဒဏ်ရာ ပြသာနာတွေကြောင့် ဘောလုံးကစားခြင်းကနေ အနားယူနေရတဲ့ ပီအက်စ်ဂျီ တိုက်စစ်ကစားသမား နေမာက သူရဲ့ စူပါမော်ဒယ် ချစ်သူ ဘရူနာဘီယန်ကာဒီဟာ သူနဲ့ ရရှိထားတဲ့ ရင်သွေးလေးကို ကိုယ်ဝန်ဆောင်ထားရပြီဖြစ်ကြောင်း သိရှိရပါတယ်။

Photo Credit : La Cuarta

ဘရာဇီးလ် ကြယ်ပွင့် ကစားသမား နေမာနဲ့ ဘရာဇီးလ် စူပါမော်ဒယ် ဘီယန်ကာဒီတို့ဟာ လွန်ခဲ့တဲ့ ၂၀၂၁ခုနှစ်ကမှ စတင် ချစ်ကြိုက်ခဲ့တာဖြစ်ပြီး ၂၀၂၂ခုနှစ် ဇန်နဝါရီလမှာပဲ သူတို့ ချစ်ကြိုက်နေကြောင်း လူသိရှင်ကြား အသိပေးခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၂ သြဂုတ်လမှာတော့ နေမာတို့ စုံတွဲက တစ်ခန်းရပ်ခဲ့ပါသေးတယ်။ ၂၀၂၃ နှစ်အစပိုင်းလောက်မှာတော့ နေမာနဲ့ ဘီယန်ကာဒီတို့ ဇာတ်လမ်းက တဖန် ပြန်လည် စတင်လာခဲ့သလို အခုဆိုရင်လည်း သူတို့ချစ်သူ နှစ်ဦးကြားမှာ သံယောဇဉ်တွေ ထပ်တိုးလာနိုင်မယ့် ရင်သွေးလေးပါ ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Sportbuzz

အခုဆိုရင်တော့ နေမာဟာ သူရဲ့ ဒုတိယမြောက် ရင်သွေးလေးကို ပိုင်ဆိုင်နိုင်တော့မယ့် အခြေအနေပါ။ နေမာမှာ အသက် (၁၁)နှစ်အရွယ် ဒေးဗစ်လူကာဆိုသူ သားတစ်ဦးလည်း ရှိထားခဲ့ပြီး ကာရိုလိုင်းဆိုသူ နေမာရဲ့ချစ်သူဟောင်းနဲ့ ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နေမာ နဲ့ ကာရိုလိုင်းတို့က ၂၀၁၁ခုနှစ်လောက်ကတည်းကပဲ သူတို့ရဲ့ အချစ်ဇာတ်လမ်းကို အဆုံးသတ်ထားခဲ့ပါတယ်။ အခုတော့ နေမာက သူရဲ့ချစ်သူ ဘီယန်ကာဒီနဲ့ ရင်သွေးလေး ပိုင်ဆိုင်ရတော့မှာဖြစ်လို့ အတော်လေးကို ပျော်ရွှင် ဝမ်းမြောက်နေကြပြီး သူတို့ရဲ့ ရင်သွေးလေးက မီးမီးလေးလား သားသားလေးလားဆိုတာကိုတော့ ထုတ်ဖော်သွားခြင်း မရှိပါဘူး။

Photo Credit : Sporting News

အစက်(၃၁)နှစ်အရွယ်ရှိ တိုက်စစ်ကစားသမား နေမာဟာ ၂၀၂၃ခုနှစ်ရဲ့ အစောပိုင်း ကာလအတွင်းမှာ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရပြီး ခြေချင်းဝတ်ဒဏ်ရာဆိုရင် ခွဲစိတ်မှုပါ ခံယူထားခဲ့ရသလို အခု ဘောလုံးရာသီ ကုန်ဆုံးချိန်အထိကို အနားယူသွားရမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် နေမာက ကွင်းအတွင်းရော ကွင်းအပြင်မှာပါ ဂိုးသွင်း စွမ်းရည် ဘယ်လောက် ကောင်းမွန်ကြောင်း အခုလို သက်သေပြသွားထားနိုင်ခဲ့ပါတယ်။