နယူးကာဆယ်ယူနိုက်တက်အသင်းဟာ အေစီမီလန်အသင်းရဲ့ အီတလီ လက်ရွေးစင် ကွင်းလယ်ကစားသမား ဆန်ဒရိုတိုနယ်လီကို ပြောင်းရွှေ့ကြေး ယူရို သန်း(၇၀)နဲ့ ခေါ်ယူသွားနိုင်ဖို့အတွက် သဘောတူညီမှု ရရှိရန် နီးစပ်နေပြီလို့ The Athletic ရဲ့ နာမည်ကျော် အားကစား သတင်းထောက် ဒေးဗစ်အွန်စတိန်းက ဖော်ပြလာခဲ့ပါတယ်။

Image

Photo Credit : Twittter

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့်(၄)နေရာ ရပ်တည်ခဲ့ပြီး နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကြီးကိုပါ ပြန်လည် ရယူနိုင်ခဲ့တဲ့ နယူးကာဆယ်အသင်းဟာ အခု လက်ရှိမှာတော့ သူတို့အသင်းအတွက် mega signing ကြီးတစ်ခုကို လုပ်ဆောင်သွားနိုင်တော့မှာပဲ ဖြစ်ပါတယ်။ ဥရောပဝင်ခွင့်ကြီး ပြန်လည် ရရှိထားတဲ့ နယူးကာဆယ်ဟာ သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အား တောင့်တင်းနေစေဖို့အတွက် တိုနယ်လီကို စတင် စိတ်ဝင်စားလာခဲ့တာဖြစ်ပြီး အင်္ဂါနေ့မှာပဲ ယူရို သန်း(၅၀)ဝန်းကျင်ခန့်နဲ့ ကမ်းလှမ်းမှုကို စတင်လာခဲ့ပါတယ်။

Newcastle close to sealing €70 million deal for AC Milan midfielder Sandro  Tonali | Goal.com US

Photo Credit : Goal

အစက် (၂၃)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဘရက်စီယာအသင်းမှာ ပါဝင်ကစားစဉ်ကတည်းက အီတလီ စီးရီးအေ ထိပ်တန်း ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တာ ဖြစ်သလို အသက် ငယ်ငယ်လေးနဲ့ အီတလီ လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံထားခဲ့ရတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူ့ကို ချယ်လ်ဆီး နဲ့ နယူးကာဆယ်တို့က အပြိုင် စိတ်ဝင်စားနေကြရင်း နယူးကာဆယ်ဘက်က တိုနယ်လီအတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း(၇၀)အထိ တိုးမြှင့် ကမ်းလှမ်းလာခဲ့ရာ မီလန်နဲ့ သဘောတူညီမှု ရရှိဖို့ပါ နီးစပ်သွားခဲ့ရပါတယ်။

Newcastle on verge of €70 million deal for AC Milan's Sandro Tonali

Photo Credit : Clutch Points

နယူးကာဆယ်က တိုနယ်လီကို (၆)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုသွားမှာဖြစ်ပြီး တစ်နှစ်လုပ်ခကိုလည်း ယူရို(၈)သန်း+အပိုဆုကြေး ယူရို(၂)သန်း ပေးချေသွားဖို့ ကမ်းလှမ်းထားခဲ့ရာ ကစားသမားဘက်ကလည်း ဒီကမ်းလှမ်းမှုကို လက်ခံသွားဖို့ ရှိနေပါတယ်။ နယူးကာဆယ်က တိုနယ်လီကို ခေါ်ယူပြီးသွားခဲ့ရင်တောင် နောက်ထပ် ကွင်းလယ်လူတစ်ဦးကိုပါ ထပ်မံ ခေါ်ယူသွားဖွယ်လည်း ရှိနေပါတယ်။