နယူးကာဆယ် ယူနိုက်တက်အသင်းဟာ လာမယ့် ဆောင်းဈေးကွက်မှာပဲ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဘရာဇီးလ် ညာတောင်ပံကစားသမား အန်တိုနီကို ကမ်းလှမ်းမှု ပြုလုပ်လာဖွယ် ရှိနိုင်တယ်လို့ Caught Offside ကနေ သတင်းဖော်ပြလာခဲ့ပါတယ်။

နယူးကာဆယ်က ဒီနွေဈေးကွက် နောက်ဆုံးနေ့မှာ အသင်းရဲ့ တောင်ပံပိုင်းအတွက် ယူနိုက်တက် ကစားသမားဟောင်း အန်တိုနီ အီလန်ဂါကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးပေမယ့်လည်း နော်တင်ဟမ် ဖောရက်စ်ဘက်ကတော့ အီလန်ဂါအတွက် နယူးကာဆယ်ရဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါတယ်။

Photo Credit : TEAMtalk

နယူးကာဆယ်ရဲ့ တောင်ပံနှစ်ဖက်မှာ ဂေါ်ဒွန် ဟာဗေးဘန်းစ်တို့က ဘယ်တောင်ပံနေရာမှာ ကစားကြသလို အယ်လ်မီရွန်နဲ့ မာဖီတို့က ညာတောင်ပံနေရာတွေမှာ ကစားကြတာဖြစ်ပြီး လက်ရှိမှာတော့ အယ်လ်မီရွန်ရဲ့ အနာဂတ် အခြေအနေက လှုပ်ခတ်လျက် ရှိနေတာကြောင့် ညာတောင်ပံ ကစားသမားတစ်ဦးကို အလိုရှိလာခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း နယူးကာဆယ်က ဆွီဒင် ညာတောင်ပံကစားသမား အီလန်ဂါကို ခေါ်ယူဖို့ Transfer Deadline Day မှာပဲ ကြိုးပမ်းမှု လုပ်ဆောင်ခဲ့ပေမယ့် နယူးကာဆယ်ရဲ့ ကြိုးပမ်းမှုက ဖြစ်ပေါ်လာဖို့ မလွယ်ကူခဲ့တာကြောင့် လက်လျှော့လိုက်ရပြီး လာမယ့် ဆောင်းဈေးကွက်မှပဲ ထပ်မံ လုပ်ဆောင်လာဖွယ် ရှိနေပါတယ်။

Photo Credit : TEAMtalk

တကယ်လို့ ဆောင်းဈေးကွက်မှာပါ နယူးကာဆယ်က အီလန်ဂါကိုသာ မခေါ်ယူနိုင်ခဲ့ဘူးဆိုရင် အီလန်ဂါအစား ယူနိုက်တက်ရဲ့ winger အန်တိုနီကို ကမ်းလှမ်းလာဖို့ ရှိနိုင်ပါတယ်။ အန်တိုနီက ယူနိုက်တက်မှာ ပွဲကစားခွင့် သိပ်မရတဲ့သူ ဖြစ်သလို ဒီနွေမှာလည်း အပြောင်းအရွှေ့ ကောလဟာလတွေ တောက်လျှောက် ထွက်ပေါ်ထားပါသေးတယ်။

အန်တိုနီ ကိုယ်တိုင်ကတော့ လက်ရှိမှာ ပွဲကစားချိန် (၁)မိနစ်လေးသာ ကစားထားရသေးပေမယ့်လည်း အသင်းပြောင်းဖို့ထက် ယူနိုက်တက်မှာသာ ဆက်ကစားသွားဖို့ ဆန္ဒရှိလို့နေပြီး ယူနိုက်တက်ဘက်ကတော့ အန်တိုနီအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း(၄၀)ဝန်းကျင်လောက်နဲ့ ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။