နယူးကာဆယ်အသင်းဟာ အသင်းရဲ့ အဓိက ဂိုးသမား နစ်ပုတ် ဒဏ်ရာ ရရှ်ိသွားပြီး ကာလရှည်ကြာ အနားယူသွားရတော့မှာ ဖြစ်တာကြောင့် နစ်ပုတ်နေရာ အစားထိုးဖို့အတွက် အသင်းလက်မဲ့ ဖြစ်နေသူ ဂိုးသမား ဒေးဗစ် ဒီဂီယာကို ပစ်မှတ်ထားလာခဲ့ပါတယ်။

နယူးကာဆယ်ရဲ့ အင်္ဂလန် လက်ရွေးစင် ဂိုးသမား နစ်ပုတ်က မန်ချက်စတာ ယူနိုက်တက်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်အတွင်း ပခုံးဒဏ်ရာ ရရှိသွားခဲ့ပြီး အခုလည်း ဒီဒဏ်ရာကို ခွဲစိတ်မှုပါ ခံယူသွားရတော့မှာ ဖြစ်တဲ့အတွက် လအတန်ကြာ အနားယူသွားရနိုင်ပါတယ်။

Photo Credit : Stretty News

ဒီအချိန်မှာ နယူးကာဆယ်က အရန် ဂိုးသမားတွေဖြစ်တဲ့ ဒူဗရက်ကာ ကာရီးယပ်စ်တို့ကိုသာ အသုံးပြုသွားရနိုင်လို့ ပရီးမီးယားလိဂ်ရဲ့ ဝါရင့် ဂိုးသမားကြီးလည်းဖြစ် လက်ရှိမှာလည်း ကလပ်အသင်း လက်မဲ့လည်း ဖြစ်နေတဲ့ ဒီဂီယာကို ချိန်ရွယ်လာခဲ့ပါတယ်။

အသက် (၃၃)နှစ်အရွယ် စပိန် လက်ရွေးစင်ဟောင်း ဂိုးသမား ဒီဂီယာဟာ မန်ယူနိုက်တက်အသင်းနဲ့ ဆယ်စုနှစ်တစ်ခုကြာ လက်တွဲခဲ့ပြီးနောက် ဒီနွေမှပဲ လက်တွဲဖြုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ လက်စွမ်း မတည်ငြိမ်မှုတွေ အမှားအယွင်းတွေ ရှိနေပေမယ့် ဒီဂီယာလို ထိပ်တန်း ဂိုးသမားတစ်ဦးကို ကလပ်အသင်းတိုင်းက အလိုရှိနေခဲ့ပါတယ်။

Photo Credit : Transfermarket

ဇူလိုင်လကတည်းက free agent player ဖြစ်နေရတဲ့ ဒီဂီယာဟာ အဲ့ဒီအချိန်ကတည်း အခုလက်ရှိထိ အသင်းပေါင်းများစွာနဲ့ သတင်းထွက်ခဲ့တဲ့ ဒီဂီယာဟာ တကယ်တမ်းမှာတော့ သူ့အတွက် ကလပ်အသင်းသစ် ရှာမတွေ့သေးပဲ အသင်းလက်မဲ့သာ ဖြစ်နေရပါတယ်။

လက်ရှိမှာတော့ ဒီဂီယာကို နယူးကာဆယ်အသင်းက ခေါ်ယူဖို့ စတင် ချိန်ရွယ်လာခဲ့ပြီး ဆော်ဒီကလပ်တွေလည်း ဒီဂီယာကို အလိုရှိနေရာ ဆော်ဒီနဲ့ ဆက်နွယ်မှုရှိတဲ့ နယူးကာဆယ်က ဒီဂီယာလို ပရီးမီးယားလိဂ်ရဲ့ အထင်ကရ ဂိုးသမားကို ပြန်ခေါ်နိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။