မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီး ဂယ်ရီ နဗီးလ်ကတော့ သူ့အသင်းဟောင်းကို ကြည့်ရတာက အဆင့် (၄) (၅)နေရာအတွက် ရုန်းကန်နေရတာမျိုး မဟုတ်တော့ပဲ အဲ့ဒီ အဆင့်ရပ်တည်မှုတွေနဲ့တောင် ထိုက်တန်မှု မရှိတော့သလို ဖြစ်နေပြီလို့ ဝေဖန် ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ နိုင်ငံတကာ ရက်သတ္တပတ် မတိုင်ခင်က ခါးသီးပြိုင်ဘက် လီဗာပူးလ်အသင်းကို အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့်မှာ အကောင်းဆုံး ကျော်ဖြတ်ပြနိုင်ခဲ့ပေမယ့် ဘရန့်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ အသင်းက အတော်လေး ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရပြီး ကံကောင်းလို့သာ သရေတစ်မှတ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : The Independent

ဒီအခြေအနေနဲ့ ပတ်သက်ပြီး လက်ရှိမှာ Football Pundit တစ်ဦးအဖြစ် ရပ်တည်နေတဲ့ နဗီးလ်က သူ့အသင်းဟောင်းအကြောင်းကို ရေရေလည်လည် ဝေဖန်မှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။ “ကျွန်တော် ဘရန့်ဖို့ဒ်မှာ ယူနိုက်တက်အသင်းကို ကြည့်ပြီးတော့ တခြားလူတွေလိုပဲ ကျွန်တော် မြင်ခဲ့ရတာတွေကို မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်။”

“ခက်ခက်ခဲခဲနဲ့ကို ကစားနေရတာက တကယ့်ကို ဆိုးရွှားလွန်းပါတယ်။ သူတို့တွေ ကောင်းကောင်းမွန်မွန် ကစားခဲ့တဲ့ ပွဲတစ်ပွဲရဲ့ အခိုက်အတန့်လေးကိုတောင် မမှတ်မိနိုင်တော့ပါဘူး။ ဗီလာနဲ့ စပါးတို့က အမှတ်တွေ လျော့ကောင်းလျော့နိုင်ပေမယ့် ယူနိုက်တက်ရဲ့ အဆင့်အတန်းကို ကြည့်ရတာက”

Photo Credit : Sky Sports

“အဆင့်(၄) (၅)နေရာကို ရောက်ရှိဖို့ ရုန်းကန်ရလိမ့်မယ်လို့ ထင်နေရုံတင်မကပဲ အခုအချိန် သူတို့ကို မြင်တွေ့နေရတဲ့ ပုံစံနဲ့ဆိုရင် သူတို့က အဲ့ဒီရပ်တည်မှုတွေနဲ့တောင် မထိုက်တန်ဘူးလို့ ဆိုရပါမယ်။ ယူနိုက်တက်အသင်းက ဘောလုံးပျက်သွားပြီဆိုရင် သူတို့ရဲ့ တုံ့ပြန်မှုတွေက တခြားအသင်းတွေနဲ့ ယှဉ်ကြည့်ရင် မြင်ဖူးမှာတောင် မဟုတ်ဘူး။”

“သူတို့အသင်းက ဘောလုံးများ ပျက်သွားပြီဆိုရင် ဘောလုံးမကိုင်ထားနိုင်တဲ့ အချိန်တွေဆိုရင် အတော်လေး ဆိုးရွှားတဲ့ အသင်းတစ်သင်းကို ကြည့်နေရသလိုမျိုး မြင်တွေ့ရနိုင်ပါတယ်။” လို့ ဂယ်ရီ နဗီးလ်က မှတ်ချက်ပြု ဝေဖန်ထားခဲ့ပါတယ်။