အီတလီ စီးရီးအေ ထိပ်သီးကလပ် နာပိုလီအသင်းဟာ အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ တိုက်စစ်မှူး ဗစ်တာအိုဆင်မန်ရဲ့ တန်ကြေးအတွက် ယူရိုသန်း(၁၄၀)အထိ ဈေးသတ်မှတ်ထားတယ်လို့ အီတလီ အခြေစိုက် သတင်းစာ II Mattino ကနေ ဖော်ပြလာခဲ့ပါတယ်။

Man Utd and Chelsea transfer target Victor Osimhen stars as Napoli demolish  Juventus in huge Serie A title clash | The US Sun

Photo Credit : The US Sun

အသက်(၂၄)နှစ်အရွယ်ရှိ နိုင်ဂျီးရီးယားလက်ရွေးစင် တိုက်စစ်မှူး အိုဆင်မန်ဟာ ၂၀၂၀ခုနှစ် နွေရာသီကမှ လီဂူးကလပ် လိုင်လီကနေ နာပိုလီအသင်းဆီကို ယူရိုသန်း(၈၀)နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး ပခုံးဒဏ်ရာ ကိုဗစ်ကူးစက်မှုတွေကြောင့် ကာလရှည် အနားယူမှုတွေ ရှိခဲ့ရပေမဲ့ အသင်းအတွက်ကိုတော့ လက်ရှိအချိန်ထိ ပြိုင်ပွဲစုံ (၇၉)ပွဲ ကစားထားပေးကာ (၄၁)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက (၃၂)ပွဲကစား (၁၈)ဂိုး သွင်းယူထားတဲ့ အိုဆင်မန်ဟာ ဒီရာသီမှာတော့ နာပိုလီအတွက် (၁၇)ပွဲသာ ကစားထားရသေးချိန် သူ့သွင်းဂိုးက (၁၃)ဂိုးအထိကို ရှိနေရသလို ဂျုဗင်တပ်စ်ကို ဂိုးပြတ် အနိုင်ရတဲ့ပွဲမှာလည်း သွင်းဂိုး(၂)ဂိုးထိ သွင်းယူခဲ့ပါသေးတယ်။

I won't leave Napoli in January – Victor Osimhen | Bold Sports

Photo Credit : Bold Sports

ဒီလို ခြေစွမ်းကောင်းတွေ ပြသနေတဲ့ အိုဆင်မန်ကို မန်ချက်စတာယူနိုက်တက်ဒ်အသင်းက စိတ်အဝင်စားဆုံး ဖြစ်လို့နေပြီး လာမယ့်ရာသီမှာ ဥရောပဝင်ခွင့် တစ်နေရာစာကို မျှော်မှန်းလို့ ရနိုင်ဖွယ်ရှိတဲ့ နယူးကာဆယ်ကလည်း ချိန်ရွယ်လာပါတယ်။ လက်ရှိမှာ ကစားသမားကိုယ်တိုင်ကတော့ နေပယ်လ်မြို့မှာ နေထိုင်ရတာနဲ့ နာပိုလီအသင်းမှာ ပါဝင်ကစားနေရတာကို ပျော်ရွှင်လျက် ရှိနေပြီး နာပိုလီကလည်း ဒီရာသီမှာ စကူဒက်တို ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေတဲ့အတွက် သူရဲ့အနာဂတ် အကြောင်းကိစ္စတွေထက် နာပိုလီအတွက်ကိုသာ ရာနှုန်းပြည့် အာရုံစိုက်နေပါတယ်။ နာပိုလီကလည်း သူတို့ရဲ့ ကြယ်ပွင့်ကစားသမားတစ်ဦးကို အလွယ်တကူ အဆုံးအရှုံးမခံလိုတာကြောင့် ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေတဲ့ အိုဆင်မန်အတွက် သူ့တန်ကြေးကို ယူရိုသန်း(၁၄၀)အထိကို သတ်မှတ်ထားလာခဲ့ပါတယ်။ ဝုလ်ဖ်ဘတ်အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တဲ့ အိုဆင်မန်ဟာ အရည်အသွေးမြင့် အာဖရိက ကစားသမားကောင်းတစ်ဦးဖြစ်ပြီး လက်ရှိမှာလည်း သူ ပါဝင်ကစားနေတဲ့ ပွဲစဉ်တွေကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ အာဆင်နယ် မန်ချက်စတာယူနိုက်တက်ဒ်နဲ့ နယူးကာဆယ်တို့ရဲ့ ကင်းထောက်တွေက လေ့လာ စောင့်ကြည့်နေတယ်လို့လည်း II Mattino ကနေ ဖော်ပြလာခဲ့ပါတယ်။