မကြာသေးမီကမှ ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ်ရာထူး ကနေ ဖယ်ရှားခံထားရတဲ့ နာဂယ်စမန်းက ပရီးမီးယားလိဂ် ထိပ်သီးကလပ် ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြီးနောက် ချယ်လ်ဆီးရဲ့ မြို့ခံပြိုင်ဘက် ဖြစ်တဲ့ စပါးဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး ဂျာမန်အခြေစိုက် သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

အသက် ၃၅နှစ် အရွယ်သာ ရှိသေးတဲ့ နာဂယ်စမန်းက လက်ရှိ ဘောလုံးလောကရဲ့ လူငယ်နည်းပြတွေ အနက် အကောင်းဆုံးနည်းပြ အဖြစ် သတ်မှတ်ခံထားရသလို သူက ဘိုင်ယန်မြူးနစ် ကနေ ထုတ်ပယ်မခံရခင် အချိန်အထိ အသင်းကို အကောင်းဆုံး ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Mirror

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်က နာဂယ်စမန်းကို ထုတ်ပယ်ပြီးနောက် နည်းပြချုပ်နေရာ လစ်လပ်နေတဲ့ ချယ်လ်ဆီးနဲ့ စပါးတို့က နာဂယ်စမန်းကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားလာကြသလို ဆွေးနွေးမှုတွေလည်း အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။

နာဂယ်စမန်းက ရာသီကုန်ခါနီးမှ ဘိုင်ယန်မြူးနစ် ကနေ ထုတ်ပယ်ခံရတာ ဖြစ်လို့ လာမယ့် နွေရာသီ ရောက်မှသာ အသင်းသစ် တသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပြီး နာဂယ်စမန်းဟာ ချယ်လ်ဆီးနဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် ချယ်လ်ဆီးကို မကိုင်တွယ်တော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

Photo Credit: Mirror

နာဂယ်စမန်းနဲ့ ချယ်လ်ဆီးတို့ ကြားထဲမှာ ဆွေးနွေးမှုတွေ ပျက်ပြယ်ခဲ့ပြီးနောက် စပါးက နာဂယ်စမန်းကို ခေါ်ယူဖို့ အတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်းလာခဲ့ပြီး နာဂယ်စမန်းကလည်း စပါးဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။

နာမည်ကြီး ဂျာမန်သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်းဌာနရဲ့ ဖော်ပြချက်အရ နာဂယ်စမန်းက ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီးနောက် စပါးဆီ ပြောင်းရွှေ့ဖို့ အတွက် စိတ်ဝင်စားနေပြီး ရီးရဲလ်မက်ဒရစ်လို ထိပ်သီးအသင်းရဲ့ ကမ်းလှမ်းချက်သာ မရောက်လာရင် နာဂယ်စမန်းဟာ လာမယ့် နွေရာသီမှာ စပါးရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရာခိုင်နှုန်း များနေကြောင်း သိရပါတယ်။