၂၀၂၃ ရာသီ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲကြီးကတော့ မနေ့ကပဲ အဆုံးသတ်သွားခဲ့ပြီဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းက အမှတ်ပေးပွဲ (၂၂)ပွဲလုံးကို ရှုံးပွဲမရှိအောက် ကစားနိုင်ခဲ့ရင်း (၅)ကြိမ်မြောက် အမှတ်ပေး ချန်ပီယံ ဆုဖလားကြီးကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

ရှမ်းပြည်နယ် အခြေစိုက် ရှမ်းယူနိုက်တက်အသင်းဟာ အခုလို တစ်ရာသီအတွင်း ရှုံးပွဲမရှိစံချိန်နဲ့ ချန်ပီယံ ဖြစ်ခဲ့ရတာဟာ ဘောလုံးရာသီ (၃)ရာသီဆက်တိုက်အထိ စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပြီး ဒါက ရှမ်းအသင်းအတွက်တော့ တကယ်ကို ဂုဏ်ယူစရာ စွမ်းဆောင်မှုတစ်ခု ဖြစ်ခဲ့ရပါတယ်။

Photo Credit : Myanmar National League Facebook

အခုလို မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ဖြစ်ခဲ့ရတဲ့ ရှမ်းယူနိုက်တက်အသင်းဟာ AFC ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ခြေစစ်ပွဲ အစောပိုင်းအဆင့်အတွက် ပါဝင် ကစားခွင့် ရရှိသွားခဲ့ပြီး ချန်ပီယံဆုဖလားနဲ့အတူ ကျပ်သိန်း (၆၀၀)ပါ ချီးမြှင့်ခံလိုက်ရပါတယ်။

ဒီရာသီမှာ ရှမ်းယူနိုက်တက်အသင်းက (၄)ရာသီဆက်တိုက် ချန်ပီယံ ဖြစ်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်က ဒုတိယ ၊ ဟံသာဝတီက တတိယ ၊ အား/ကာသိပ္ပံအသင်းက စတုတ္ထ နဲ့ ဒဂုံစတားအသင်းက ပဉ္စမနေရာတွေမှာ အသီးသီး ရပ်တည်လို့နေပြီး GFA နဲ့ ကချင်ယူနိုက်တက်တို့ကတော့ တန်းဆင်းသွားခဲ့ရပါတယ်။

Photo Credit : Myanmar National League Facebook

ရှမ်းယူနိုက်တက်အသင်းက အမှတ်ပေး ချန်ပီယံဆု ဆွတ်ခူးခဲ့သလို ရှမ်းတိုက်စစ်ကစားသမား ဘယ်လိုကလည်း လိဂ်သွင်းဂိုး (၁၃)ဂိုးနဲ့ ဒီရာသီ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

၂၀၀၉ခုနှစ်ကနေ စတင် ကျင်းပခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲမှာ ရန်ကုန်ယူနိုက်တက် နဲ့ ရှမ်းယူနိုက်တက်အသင်းတို့က ချန်ပီယံဆုကို (၅)ကြိမ်စီ ဆွတ်ခူးထားခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အသင်းတွေအဖြစ် ပူးတွဲရပ်တည်လျက် ရှိနေပါတယ်။