အာဆင်နယ်အသင်းဟာ ဒီနှစ် နွေဈေးကွက်ထဲမှာ အသင်းအတွက် အကောင်းဆုံး ကစားသမား ဖြည့်တင်းမှုတွေကို လုပ်ဆောင်နိုင်ခဲ့ပေမဲ့လည်း ဆောင်းဈေးကွက်မှာ လိုချင်နေတဲ့ ကစားသမားတွေ ထပ်မခေါ်နိုင်ခဲ့တာကြောင့် လာမယ့်နွေမှာတော့ mega signing အဖြစ်နဲ့ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့ပါတယ်။

Photo Credit : talkSPORT

အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ သောမတ်စ်ပါတေး ချာကာတို့ ရှိနေပေမဲ့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးသော ကွင်းလယ်လူတွေထဲမှာ တစ်ယောက် အပါအဝင်ဖြစ်တဲ့ ဒီကလန်ရိုက်စ်လို ကစားသမားကိုပါ အသင်းရဲ့ ကွင်းလယ်ထဲမှာ ထပ်မံ ဖြည့်တင်းနိုင်မယ်ဆိုရင် လုံးဝကို တောင့်တင်းလွန်းတဲ့ ကွင်းလယ်မျိုး ဖြစ်လာမှာ သေချာနေပါတယ်။ ဒါ့အပြင် ရိုက်စ်ကို အာဆင်နယ်ရဲ့ လန်ဒန်မြို့ခံအသင်း ချယ်လ်ဆီးကလည်း အလိုရှိနေတာကြောင့် လာမယ့်နွေမှာ ရိုက်စ်ကို အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ အပြိုင်လုရဖွယ်ပါ ရှိလာခဲ့ပါတယ်။

Danny Murphy feels Declan Rice would be a 'huge' signing for Arsenal amid  rumours of an £80m move | Daily Mail Online

Photo Credit : Daily Mail

အခုလို အင်္ဂလန် ကွင်းလယ်လူ ရိုက်စ်ကို အသေအချာ ပစ်မှတ်ထားလာခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ပတ်သတ်ပြီး ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီး ဒန်နီမာဖီက ရိုက်စ်ဟာ အာဆင်နယ် ခေါ်ယူသင့်တဲ့ ကစားသမားမျိုး ဖြစ်သလို အသင်းအတွက် ကြီးမားတဲ့ ခေါ်ယူမှုကြီးပါ ဖြစ်လာလိမ့်မယ်လို့ သုံးသပ် ပြောဆိုလိုက်ပါတယ်။ မာဖီက “ဒါဟာ အာဆင်နယ်အတွက် ကြီးမားတဲ့ အပြောင်းအရွေ့တစ်ခု ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ထင်မိပါတယ်။ အာဆင်နယ်က သောမတ်စ်ပါတေးနဲ့ ဂရန်းနစ်ချာကာတို့ နှစ်ဦးတည်းကို အလွန် မှီခိုအားထားနေရတာကြောင့် ဒီကလန်ရိုက်စ်သာ အာဆင်နယ်ကို ရောက်လာခဲ့မယ်ဆိုရင် အာဆင်နယ်အတွက် သူက perfect type ကစားသမားပါ ဖြစ်လာပါလိမ့်မယ်” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့ကလည်း ကွင်းလယ်မှာ ပါတေး ချာကာတို့ကိုသာ အားထားနေရပြီး သူတို့နေရာမှာ အယ်လ်နီနီ လွန်ဂွန်ဂါတို့ ဝင်ကစားတဲ့ အခါမျိုးမှာလည်း ကွင်းလယ်ပိုင်းက အားနည်းသွားတတ်တာဖြစ်လို့ ဝက်စ်ဟမ်းမှာရော အင်္ဂလန်အသင်းမှာပါ အရေးတကြီး ကစားသမား ဖြစ်နေတဲ့ ရိုက်စ်ကို ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာကတော့ မာဒရစ်ခ်လို ရိုက်စ်ဟာလည်း အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ အပြိုင်လုရမဲ့ ကစားသမား ဖြစ်နေတာမို့ ဒီတစ်ကြိမ်မှာရော ဘယ်အသင်းက အနိုင်ရနိုင်မလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေရပါတယ်။