ရိုးမားအသင်းရဲ့ နာမည်ကျော် ပေါ်တူဂီလူမျိုး ဘောလုံးနည်းပြကြီး ဂျိုဆေး မော်ရင်ဟိုက နည်းပြဘဝတစ်လျှောက် သူမြင်တွေ့ဖူးသမျှ ဘောလုံးသမားတွေထဲကမှ အကောင်းဆုံးသော ကစားသမားတစ်ဦးကို ရွေးချယ်သွားခဲ့ပါတယ်။

ဘောလုံးနယ်ပယ်မှာ ပီလီ နဲ့ မာရာဒိုနာ ၊ ရော်နယ်လ်ဒို နဲ့ မက်ဆီ အစရှိတဲ့ ထိပ်တန်းကစားသမားတွေကို နှစ်သက်ကြသူတွေ အမြောက်အများ ရှိနေကြသလို တချို့တွေက ဒီကစားသမားတွေထက် အခြားသော နာမည်ကြီး ကစားသမားတွေကို နှစ်သက်ကြတက်ပါတယ်။

Photo Credit : British GQ

ဒီထဲမှာ စပယ်ရှယ်ဝမ်း နည်းပြကြီး မော်ရင်ဟိုပါ ပါဝင်နေပါတယ်။ မော်ရင်ဟိုက “ကျွန်တော့်အတွက် ကျွန်တော် မြင်တွေ့ဖူးသမျှထဲ အကောင်းဆုံး ကစားသမားက ရော်နယ်လ်ဒို အယ်လ်ဖင်နိုမင်နိုပါပဲ။ ခရစ္စတီယာနို ရော်နယ်လ်ဒို နဲ့ လီယွန်နယ် မက်ဆီတို့ကျတော့ ကစားသမားသက်တမ်း အရှည်ကြီး ပိုင်ဆိုင်ခဲ့ရတယ်။”

“သူတို့နှစ်ဦးလုံးက (၁၅)နှစ်တာ ကာလအတွင်း ထိပ်ဆုံးနေရာတွေမှာ အမြဲတမ်း ရပ်တည်ခဲ့ကြတဲ့ သူတွေပါ။ ဒါပေမယ့် ကျွန်တော်တို့တွေ အရည်အသွေးပိုင်းနဲ့ ကျွမ်းကျင်မှုတွေအကြောင်းကို အတိအကျ ပြောရမယ်ဆိုရင်တော့ ဘယ်ကစားသမားကမှ ရော်နယ်လ်ဒို နာဇာရီယိုကို မဖြတ်ကျော်နိုင်ပါဘူး။”

Photo Credit : Marca

“သူ ဘာစီလိုနာအသင်းမှာ ဘရိုင်ယန် ရော့ဆင်နဲ့ လက်တွဲခဲ့တုန်းက သူဟာ ကျွန်တော် မြင်တွေ့ဖူးသမျှ ကစားသမားတွေထဲမှာ အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်လာခဲ့တယ်။ ဒဏ်ရာပြသာနာတွေကသာ သူ့ကစားသမားဘဝကို မယုံကြည်လောက်နိုင် သတ်ပစ်ခဲ့တာ။”

“ဒါပေမယ့် (၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ ကစားသမားလေးတစ်ဦးရဲ့ ခြေစွမ်းကတော့ တကယ်ကို အထင်ကြီးလောက်စရာ စွမ်းဆောင်မှုတွေ ဖြစ်စေခဲ့တယ်။” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ မော်ရင်ဟိုဟာ ဘာစီလိုနာမှာ ဘရိုင်ယန် ရော့ဆင်ရဲ့ လက်ထောက်နည်းပြအဖြစ် လုပ်ကိုင်နေတုန်း ရော်နယ်လ်ဒိုကြီးနဲ့ တစ်သင်းတည်းမှာ ဆုံတွေ့ခဲ့ပါသေးတယ်။