ဒီရာသီမှာ clean sheets (၁၇)ပွဲနဲ့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဂိုးသမားဆု(ရွှေလက်အိတ်ဆု)ကို ပိုင်ဆိုင်ခဲ့ရတဲ့ ဒေးဗစ်ဒီဂီယာကို အသင်းမှာ ဆက်ထိန်းနိုင်ဖို့ လုပ်ဆောင်ရင်း ဒီဂီယာနဲ့အပြိုင် ဂိုးသမားတစ်ဦးကိုပါ ရှာပုံတော်ဖွင့်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းအတွက် လိဒ်စ်အသင်းက ဂိုးသမားလေး အီလန်မယ်လီယေက အကောင်းဆုံး option တစ်ခု ဖြစ်လာနိုင်မယ်လို့ ထင်မိပါတယ်။

Photo Credit : Sky Sports

အသက်(၂၃)ပဲ ရှိသေးတယ်။ ပြင်သစ်ဂိုးသမား။ ပရီးမီးယားလိဂ်မှာလည်း (၃)ရာသီ ကျင်လည်ခဲ့ဖူးတယ်။ သူရဲ့လက်စွမ်းကလည်း အဆင့်အတန်းတစ်ခုအထိ ရှိတယ်။ သူ့ကိုလည်း ပရီးမီးယားလိဂ် ကလပ်တချို့ကလည်း သဘောကျကြတယ်။ တကယ်ဆို လ်ိဒ်စ်သာ ပရီးမီးယားလိဂ်မှာ ဆက်ရှိနေသေးရင် မယ်လီယေရဲ့ တန်ကြေးက ပေါ့သေးသေး မဟုတ်လောက်ဘူး။ ဒါပေမယ့်လည်း အခု လိဒ်စ်က တန်းဆင်းသွားတဲ့အပြင် လက်ရှိ လိဒ်စ်နည်းပြကြီးကိုယ်တိုင် နောက်ပိုင်းပွဲတွေထဲ မယ်လီယေကို အရန်မှာ အသုံးပြုတာကြောင့် ဒီဂိုးသမားက လာမယ့်နွေမှာ သေချာပေါက် လိဒ်စ်နဲ့ လမ်းခွဲနိုင်ပါတယ်။

Photo Credit : Sky Sports

မယ်လီယေရဲ့ အခြေအနေကို ယူနိုက်တက်အပြင် ချယ်လ်ဆီး စပါးတို့လို ဂိုးသမား လိုအပ်နေတဲ့ အသင်းတွေကလည်း စောင့်ကြည့်နေနိုင်ပါတယ်။ ဒီအသင်းတွေက ဘရန့်ဖို့ဒ် ဂိုးသမား ဒေးဗစ်ရာယာကို ဦးစားပေး ပစ်မှတ်ထားနေတယ် ဆိုပေမယ့်လည်း စပိန်လက်ရွေးစင် ဂိုးသမား ရာယာရဲ့ တန်ကြေးက မြင့်မားနိုင်တာကြောင့် တခြား option အနေနဲ့ဆို မယ်လီယေက အကောင်းဆုံး ရွေးချယ်မှု ဖြစ်လာနိုင်ပါတယ်။ နောက်ထပ် တန်းဆင်းသွားတဲ့ ဆောက်သမ်တန်အသင်းက ဂိုးသမား ဘဇူနူကျတော့ အသင်းနဲ့ လက်တွဲတာ တစ်နှစ်ပဲ ရှိသေးတဲ့အတွက် အသင်းနဲ့ ပြန်လည် လက်တွဲဖြုတ်ဖို့က မလွယ်နိုင်တာကြောင့် မယ်လီယေကပဲ စဉ်းစားချင်စရာ ဖြစ်နေရပါတယ်။

တစ်ခုရှိတာက ယူနိုက်တက်အနေနဲ့ ဒီဂီယာလည်း ဆက်သုံးမယ် နော်တင်ဟမ်ကနေ အငှားပြည့်လို့ အသင်းဆီ ပြန်ရောက်လာတဲ့ ဒင်းဟန်ဒါဆန်ကိုလည်း ဒီဂီယာနဲ့အပြိုင် နေရာပေးမယ် ဒါမှမဟုတ် နောက်ထပ် အငှားချထားတဲ့ ဂိုးသမားလေးကိုလည်း အသင်းမှာ ပြန်သုံးမယ်ဆိုရင်တော့ ယူနိုက်တက်က မယ်လီယေကို ခေါ်နိုင်တော့မှာ မဟုတ်ပဲ လိုရစ် ဖော်စတာတို့ကို လက်လွတ်လိုက်ရဖို့ ရှိနေတဲ့ စပါးကပဲ မယ်လီယေကို ပစ်မှတ်ထားလာနိုင်ပါတယ်။