အပတ်စဉ် တင်ဆက်ပေးနေတဲ့ ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်တွေကို တင်ဆက်ပေးရမယ့် အချိန်အခါ ကျရောက်လာပါပြီ။ ဒီတပတ်မှာ ပရိသတ်တွေ အတွက် အပြောင်းအလဲလေး ဖြစ်သွားအောင် အာဆင်နယ်ဂန္တဝင် ပေါလ် မာဆန်ရဲ့ ပွဲကြိုသုံးသပ်ချက်တွေကို တင်ဆက်ပေးဖို့ ရွေးချယ်ထားပါတယ်ဗျ။ ကဲ မာဆန်ရဲ့ သုံးသပ်ချက်တွေကို အတူတူ ဖတ်ကြည့်လိုက်ရအောင်ဗျာ…။

Photo Credit: Standard

ဘရန့်ဖို့ဒ်နဲ့ ချယ်လ်ဆီး (စနေနေ့ည ၉နာရီခွဲ)

ဘရန့်ဖို့ဒ်က ချယ်လ်ဆီးနဲ့ တွေ့ဆုံမှုတွေမှာ ရလဒ်ကောင်းတွေ ရလေ့ ရှိပါတယ်။ ပြီးတော့ အဲဗာတန်က ရမှတ် ၆မှတ်ပဲ အလျှော့ခံထားရတော့ သူတို့ရဲ့ ရပ်တည်မှုအတွက် စိုးရိမ်ရမယ့် အနေအထားဆီ ရောက်နေပါပြီ။ ဘရန့်ဖို့ဒ်ရဲ့ အဓိက ကစားသမား အများအပြားက ဒဏ်ရာတွေ ရထားတာကြောင့် ဒီပွဲမှာ ချယ်လ်ဆီးကပဲ ရလဒ်ကောင်း ရသွားမယ်လို့ ထင်ပါတယ်။

ဘရန့်ဖို့ဒ်က တန်းမဆင်းရဖို့ အတွက် အိုင်ဗန် တိုနေးကို အားကိုးရပါတော့မယ်။ တခြားအသင်းတွေရဲ့ ကစားသမားတွေက ပွဲပန်းမှုဒဏ်ကို ကြုံလာရမယ့် အချိန်မှာ အိုင်ဗန် တိုနေးကတော့ အချိန်ကြာလေ ကြံ့ခိုင်မှု ပိုကောင်းလေ ဖြစ်နေပါလိမ့်မယ်။ ဒါက ဘရန့်ဖို့ဒ် အတွက် အားသာချက် တခုပါ။

ခန့်မှန်းရလဒ် – ဘရန့်ဖို့ဒ် ၁-၂ ချယ်လ်ဆီး

Photo Credit: Sky Sports

မန်ချက်စတာ စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက် (တနင်္ဂနွေနေ့ည ၁၀နာရီ)

တကယ်လို့ ဟွိုက်လန်းကသာ ဒီပွဲမှာ ဝင်ကစားနိုင်မယ် ဆိုရင် ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်ဟာ အဝေးကွင်းမှာ ရလဒ်ကောင်း တခု ရနိုင်တယ်လို့ ထင်မိမှာပါ။ ဟွိုက်လန်းက ပြေးအား ၊ တိုးအား ကောင်းသလို ဂါနာချို ၊ ရက်ဖို့ဒ်တို့နဲ့ တွဲလိုက်ရင် သူတို့က တန်ပြန်တိုက်စစ်နဲ့ အိမ်ရှင်တွေကို ဒုက္ခပေးနိုင်ပါတယ်။ ဒါပေမယ့် အခု ဟွိုက်လန်းက ဒဏ်ရာရနေပါတယ်။ ဒါကြောင့် ဒီပွဲမှာ အိမ်ရှင်တွေပဲ ရလဒ်ကောင်း ရသွားပါလိမ့်မယ်။ ပြီးတော့ ယူနိုက်တက်က အီတီဟတ်ကွင်းမှာ ဒုက္ခ ရောက်လိမ့်မယ်လို့ ထင်ပါတယ်။ အိမ်ရှင်တွေက ၃-၀ ဆိုတဲ့ ရလဒ်မျိုးနဲ့ နိုင်ပါလိမ့်မယ်။ ယူနိုက်တက်က ကံဆိုးမယ် ဆိုရင် အဲ့ဒီထက်တောင် ဂိုးပြတ်ရှုံးပါဦးမယ်။

ဟာလန်းက ပရီးမီးယားလိဂ်အသင်း တသင်းကို အဝေးကွင်းမှာ သွားကစားရတဲ့ အက်ဖ်အေပွဲမှာ ၅ဂိုး အထိ သွင်းနိုင်ခဲ့ပါတယ်။ ဒါက သာမန်စွမ်းဆောင်ရည်မျိုး မဟုတ်ပါဘူး။ ဒါကြောင့် ဒီပွဲမှာလည်း သူက ခြေစွမ်းပြမှာ သေချာပါတယ်။ ကျွန်တော်က ဟာလန်းကို ထူးခြားလွန်းတဲ့ ကစားသမားလို့ မချီးကျူးချင်ပေမယ့် သူ တော်တာကို လက်မခံလို့ မရပါဘူး။ သူက ဂိုးပေါက်ရှေ့မှာ ဆိုရင် အညှာအတာ ကင်းမဲ့တဲ့ တိုက်စစ်မှူးပါ။ သူက ခေါင်းတိုက်ပဲ သွင်းရ သွင်းရ ၊ ပိတ်ပဲ သွင်းရ သွင်းရ ဂိုးရဖို့ ဆိုရင် ဘာမဆိုလုပ်မယ့် တိုက်စစ်မှူးပါ။ ကျွန်တော်က အဲ့ဒီလို တိုက်စစ်မှူးတွေကို ကြိုက်ပါတယ်။

ကျွန်တော်ကတော့ လီဗာပူးနဲ့ နော်တင်ဟမ် ဖောရက်စ်ပွဲကတောင် ဒီပွဲထက် ခန့်မှန်းရ ပိုခက်တဲ့ ပွဲလို့ ပြောချင်ပါတယ်။ ဒီပွဲမှာ အိမ်ရှင် အနိုင်က သေချာပါတယ်။

ခန့်မှန်းရလဒ် – မန်ချက်စတာ စီးတီး ၃-၀ မန်ချက်စတာ ယူနိုက်တက်

Photo Credit: Sky Sports

အခြားပွဲများအတွက် ခန့်မှန်းရလဒ်များ

နယူးကာဆယ် ၃-၂ ဝုလ်ဗ်

စပါး ၃-၁ ခရစ္စတယ် ပဲလေ့စ်

နော်တင်ဟမ် ဖောရက်စ် ၁-၂ လီဗာပူး

အဲဗာတန် ၂-၁ ဝက်စ်ဟမ်း

ဖူလ်ဟမ် ၁-၁ ဘရိုက်တန်

လူတန် ၁-၂ ဗီလာ

ဘန်လေ ၁-၂ ဘုန်းမောက်

ရှက်ဖီးလ် ယူနိုက်တက် ၀-၃ အာဆင်နယ်