ပြင်သစ် ကစားသမားဟောင်းကြီးဖြစ်သူ ရောဘတ် ပီရက်စ်က ပီအက်စ်ဂျီရဲ့ ပြင်သစ် စူပါစတား ကစားသမား ကီလီယန် ဘာပေအနေနဲ့ ရီးယဲလ် မက်ဒရစ်အသင်းကို မပြောင်းရွှေ့ပဲ လီဗာပူးလ်အသင်းဆီကိုသာ ရွေးချယ်သင့်တယ်လို့ အကြံပြု တိုက်တွန်းသွားခဲ့ပါတယ်။

အသက် (၂၅)နှစ်အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘာပေဟာ ၂၀၁၇ကတည်းက ပီအက်စ်ဂျီကို အငှားစာချုပ်နဲ့ ရောက်လာခဲ့ပြီး ၂၀၁၈မှာတော့ အပြီးသတ် ရောက်ရှိလာခဲ့ရင်း အခုဆိုရင် အသင်းရဲ့ အမြဲတမ်း ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်နဲ့ပါ ရပ်တည်လာနိုင်ခဲ့ပါတယ်။

Photo Credit : Complete Sports

ဆယ်ကျော်သက် ကြယ်ပွင့်အရွယ်မှာကတည်းက ပီအက်စ်ဂျီရဲ့ အဓိက ကစားသမား ဖြစ်လာခဲ့ရတဲ့ ဘာပေဟာ အခုတော့ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ပါ ထွက်ခွာတော့မှာဖြစ်ပြီး သူရဲ့အိမ်မက် ကလပ်အသင်းဖြစ်တဲ့ ရီးယဲလ် မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်လို့နေပါတယ်။

ဘာပေရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ပီရက်စ်က “ရာသီအကုန်မှာ သူ ဘယ်လို ဆုံးဖြတ်ချက်ချမလဲတော့ မသိပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ သူ့ကို လီဗာပူးလ်အသင်းမှာ မြင်တွေ့ချင်ပါတယ်။ ကျွန်တော်လည်း ရီးယဲလ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တာပဲ။ သူလည်း ရီးယဲလ်ကို ပယ်ချပြီး လီဗာပူးလ်ဆီ သွားသင့်တယ်။”

PSG star Kylian Mbappe should REJECT a move to Real Madrid, claims Robert  Pires... as former Arsenal winger urges his countryman to join surprise  Premier League side | Daily Mail Online

Photo Credit : Daily Mail

“လီဗာပူးလ်က ကောင်းမွန်တဲ့ မိသားစု ကလပ်အသင်း တစ်သင်းပါ။ ကောင်းမွန်တဲ့ ဖွဲ့စည်းမှုလည်း ရှိတယ်။ ဖိအားလည်းကင်းမယ်။ ပရိသတ်တွေကလည်း အဆင့်အတန်းရှိကြတယ်။ ပြီးရင် မိုဆာလာ-ဘာပေဆိုတဲ့ တိုက်စစ်အတွဲအဖက်ကြီးက လုံးဝကို ကြောက်မက်ဖွယ်ရာကောင်းမယ်လို့ ကျွန်တော် ထင်မိပါတယ်။ နောက်ပြီး သူက ရီးယဲလ်ကို ငြင်းပယ်နိုင်စွမ်းလည်း ရှိနေပါလိမ့်မယ်။” လ်ို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

ဘာပေကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ ရီးယဲလ်အပြင် လီဗာပူးလ်အသင်းလည်း ပါဝင်လို့နေပြီး လီဗာပူးလ်ကတော့ မိုဆာလာကို လက်လွတ်ရမယ်ဆိုရင် သူ့နေရာအတွက် ဆာလာနဲ့ အစားထိုးသွားချင်နေတာ ဖြစ်ပေမယ့် ဆာလာရဲ့ လုပ်ခက လီဗာပူးလ်အတွက် အခက်အခဲ ဖြစ်လာနိုင်ပါတယ်။