ပီအက်စ်ဂျီအသင်းရဲ့ ကြယ်ပွင့်ကစားသမား ကီလီယန်အမ်ဘာပေဟာ မနေ့ညက ဂျုဗင်တပ်စ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူခဲ့နိုင်ပြီးတဲ့နောက် သူရဲ့ အသင်းဖော်ကြီး လီယွန်နယ်မက်ဆီ တင်ရှိထားခဲ့တဲ့ ချန်ပီယံလိဂ်စံချိန်တစ်ခုကိုပါ ရိုက်ချိုးသွားနိုင်ခဲ့ပါတယ်။

He reached the total at 23 years and 316 days old, beating PSG team-mate Lionel Messi (above), who scored 40 goals in Europe's top competition at the age of 24 years and 130 days

Photo Credit : Daily Mail

GOAT ကြီး မက်ဆီဟာ အသက်(၂၄)နှစ်နဲ့ ရက်ပေါင်း (၁၃၀)ရက်အကြာမှာပဲ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း စုစုပေါင်း သွင်းဂိုး (၄၀)ကို ပြည့်မြောက်ခဲ့တာ ဖြစ်ပေမယ့် ပြင်သစ်ကြယ်ပွင့် ဘာပေကတော့ အသက်(၂၃)နှစ်နဲ့ ရက်ပေါင်း (၃၁၆)ရက်မှာပဲ ချန်ပီယံလိဂ်သွင်းဂိုး (၄၀)ကို ပြည့်မြောက်ခဲ့ရာ မက်ဆီထက် (၆)လနီးပါးလောက်အထိ သာလွန်ပြီး စံချိန်ကို ရိုက်ချိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာပေဟာ မက်ဆီရဲ့ ချန်ပီယံလိဂ်သွင်းဂိုးဖြစ်တဲ့ (၁၂၉)ဂိုးဆိုတဲ့ ပမာဏမျိုးကို အမီလိုက်နိုင်ဖို့က မလွယ်ကူသေးသလို ချန်ပီယံလိဂ်မှာ သွင်းဂိုးအများဆုံးဖြစ်တဲ့ ရော်နယ်လ်ဒိုရဲ့ (၁၄၀)ဂိုးကို မီဖို့ဆိုတာကလည်း ခက်ခဲနိုင်ပါတယ်။

Kylian Mbappe (r) is now the youngest player in history to reach 40 Champions League goals

Photo Credit : Daily Mail

ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘာပေဟာ အသင်းဟောင်း မိုနာကို လက်ရှိကလပ် ပီအက်စ်ဂျီအသင်းတို့နဲ့အတူ ချန်ပီယံလိဂ်ပွဲပေါင်း (၅၉)ပွဲအထိ ကစားထားခဲ့ရာ သွင်းဂိုး(၄၀) သွင်းယူထားနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတလျှောက် ဂိုးအများဆုံး သွင်းယူထားနိုင်တဲ့ ကစားသမားစာရင်းမှာလည်း အဆင့်(၁၉)နေရာထိ ရပ်တည်ထားနိုင်ခဲ့ပါတယ်။ တကယ်လို့ ဘာပေအနေနဲ့ နောက်ထပ် ချန်ပီယံလိဂ်ဂိုး (၈)ဂိုးလောက် ထပ်မံ သွင်းယူနိုင်ခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်မှာ ဂိုးသွင်းအများဆုံး ကစားသမားတွေထဲကမှ Top 10 Ranking အထိပါ ဝင်ရောက်သွားနိုင်မှာ ဖြစ်ပါတယ်။ ဘာပေဟာ မနေ့ညက ဂျုဗင်တပ်စ်အသင်းဘက်ကို သွင်းယူခဲ့တဲ့ ဂိုးအပါအဝင် ဒီရာသီ ချန်ပီယံလိဂ်မှာ သွင်းဂိုး(၇)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး လီဗာပူးလ် တိုက်စစ်ကစားသမား မိုဟာမက်ဆာလာနဲ့အတူ ဒီရာသီ ချန်ပီယံလိဂ်ရဲ့ ဂိုးအများဆုံး သွင်းယူထားသူတွေအဖြစ် ပူးတွဲ ရပ်တည်နေပါတယ်။ အခုလို ချန်ပီယံလိဂ်မှာ ဂိုးအများဆုံး သွင်းယူထားသူ ဖြစ်နေတဲ့ ဘာပေဟာ လီဂူးဘက်မှာလည်း သွင်းဂိုး(၁၁)ဂိုးနဲ့ လီဂူးရဲ့ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ ထိပ်ဆုံးက ဦးဆောင်လို့နေပါတယ်။