မနေ့ကပဲ ပီအက်စ်ဂျီအသင်းကနေ ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြမာရီစီယိုပိုချက်တီနိုက ဘောလုံးထဲကနေ အချိန်အတန်ကြာ ပျောက်ကွယ်နေဖို့ ဆန္ဒမရှိပဲ သူ့အတွက် ကလပ်အသင်းသစ် တစ်သင်းကို အလျင်အမြန် ရှာဖွေမှာဖြစ်သလို သူကျင်လည်ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လာချင်နေပြီး သူရဲ့ကလပ်အသင်းဟောင်း တော့တင်ဟမ်ဟော့စပါးအသင်းအပေါ် ထားရှိတဲ့ သံယောဇဉ်ကြောင့် အာဆင်နယ်အသင်းကို ဘယ်တော့မှ ကိုင်တွယ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

Why are PSG sacking Mauricio Pochettino? Form, Messi, trophies and more |  Sporting News Singapore

Photo Credit : Sporting News

လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းကို (၁၈)လသာ ကိုင်တွယ်ခဲ့ရပြီး နည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ပိုချက်တီနိုဟာ လက်ရှိမှာ အသင်းလက်မဲ့ နည်းပြတစ်ဦး ဖြစ်သွားခဲ့ပေမယ့်လည်း အသင်းဟောင်းစပါးနဲ့ လက်တွဲဖြုတ်ခဲ့စဉ်ကလို ဘောလုံးလောကနဲ့ အချိန်အတန်ကြာ အလှမ်းဝေးသွားတာမျိုး ထပ်မဖြစ်ချင်တော့ပဲ အသင်းသစ်တစ်သင်းကို ပြန်လည်ကိုင်တွယ်လိုနေပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ပိုချက်တီနိုဟာ (၆)နှစ်တာ ကျင်လည်ဖူးခဲ့တဲ့ အင်္ဂလန်ကို ပြန်သွားချင်နေပြီး ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းသင်းကို ကိုင်တွယ်ချင်နေတယ်လို့ သိရပါတယ်။

Photo: Mauricio Pochettino seen wearing Tottenham t-shirt this week - Spurs  Web - Tottenham Hotspur Football News

Photo Credit : Spurs Web

စပိန်လာလီဂါကလပ် အက်စပန်ညိုအသင်းမှာ နည်းပြဘဝကို စတင်ခဲ့တဲ့ ပိုချက်တီနိုဟာ ၂၀၁၃ခုနှစ်မှာပဲ ဆောက်သမ်တန်နည်းပြ ဖြစ်လာခဲ့ပြီး ဆောက်သမ်တန်ကို တစ်ရာသီထွဲအထိ ကိုင်တွယ်ပြီးနောက် စပါးအသင်းရဲ့ နည်းပြသစ် ဖြစ်လာပါတယ်။ စပါးအသင်းမှာ (၅)နှစ်တာလောက်အထိ ကျင်လည်ခဲ့တဲ့ ပိုချက်တီနိုဟာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာပဲ စပါးအသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်အထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ ရာသီဝက်တောင် မရောက်ရှိခင်မှာပဲ စပါးအသင်းကို ထုတ်ပယ်ခံလိုက်ရတဲ့ ပိုချက်တီနိုဟာ ၂၀၂၁ခုနှစ်မှ သူရဲ့ နည်းပြအလုပ်ကို ပြန်လည်လုပ်ကိုင်ဖြစ်ပြီး လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီကို ကိုင်တွယ်ခဲ့ပါတယ်။ ပိုချက်တီနိုဟာ ပီအက်စ်ဂျီအသင်းမှာ လီဂူးချန်ပီယံဆု အပါအဝင် ဆုဖလား(၃)လုံး ရယူပေးခဲ့ပြီး (၁၈)လတာအတွင်း နိုင်ပွဲ (၆၅.၄၈)%အထိ စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ဖလား မရယူနိုင်ခဲ့လို့ နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ လက်ရှိမှာတော့ ပိုချက်တီနိုဟာ ပရီးမီးယားလိဂ်ကို ပြန်သွားချင်နေပြီး အသင်းဟောင်းစပါးမှာလည်း နည်းပြကွန်တီ ရှိနေပေမယ့် သူ့အသင်းဟောင်းအပေါ် ထားရှိတဲ့ ချစ်မြတ်နိုးစိတ်ကြောင့် စပါးရဲ့ ခါးသီးမြို့ခံအသင်း အာဆင်နယ်ကို ဘယ်တော့မှ ကိုင်တွယ်သွားမှာ မဟုတ်ကြောင်း သိရပါတယ်။