၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့် ပွဲစဉ်များရဲ့ ပွဲစဉ်(၂) ဒုတိယနေ့ ပွဲစဉ်များထဲကမှ ည(၇)နာရီခွဲအချိန်မှာ ကျင်းပသွားမယ့် ပိုလန်အသင်းနဲ့ ဆော်ဒီအာရေဗျအသင်းတို့ ပွဲစဉ်အတွက် ပွဲကြို ခန့်မှန်းသုံးသပ်ချက်တွေကို ဖော်ပြပေးသွားချင်ပါတယ်။

Poland's Robert Lewandowski reacts after having a penalty kick saved by Mexico's Guillermo Ochoa on November 22, 2022

ပိုလန်အသင်းက အဖွင့်ပွဲစဉ်မှာ မက္ကဆီကိုနဲ့ ဆုံတွေ့ခဲ့ပြီး ဒုတိယပိုင်း ပြန်လည် စတင်ပြီး သိပ်မကြာခင်လေးမှာပဲ ပင်နယ်တီ ကန်ခွင့်ရလို့ လီဝန်ဒေါစကီး ကန်သွင်းခဲ့ပေမယ့် မက္ကဆီကို ဂိုးသမား အိုချိုကာ ကာကွယ်ခဲ့လို့ ပိုလန်တို့ နစ်နာခဲ့ရသလို လီဝန်ဒေါစကီးဟာလည်း world cup သွင်းဂိုး ရရှိဖို့ကို အခုထိ ရုန်းကန်နေဆဲ ဖြစ်နေရပါတယ်။ အခုလည်း မထင်ထားလောက်အောင် ကျစ်လစ်လှတဲ့ ဆော်ဒီခံစစ်နဲ့ ရင်ဆိုင်ရဦးမှာဖြစ်လို့ လီဝန်ဒေါစကီး ဦးဆောင်လာမယ့် ပိုလန်တိုက်စစ်က ဘယ်လောက်ထိ စွမ်းဆောင်နိုင်မလဲဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။

2022 World Cup: Poland vs. Saudi Arabia odds, picks and predictions

Photo Credit : Sportsbook Wire

၂၀၂၂ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲနိုင်မယ့် အသင်းလို့ ယူဆထားခဲ့ရတဲ့ အာဂျင်တီးနားလို အသင်းမျိုးကိုမှ နောက်က လိုက်ကစားပြီး အံ့အားသင့်စရာ ရလဒ်နဲ့ နိုင်ပွဲ ရယူနိုင်ခဲ့တဲ့ ဆော်ဒီရဲ့ အခုပွဲစဉ်ဟာလည်း တကယ့်ကို စိတ်ဝင်စားစရာပါ။ အာဂျင်တီးနားလို အသင်းမျိုးကို အလဲထိုးထားခဲ့တဲ့ ဆော်ဒီက ကစားသမားကောင်းတွေ ပါဝင်နေတဲ့ ပိုလန်ဆီကနေ ဘယ်လို ရလဒ်တွေ ဖော်ဆောင်ပြနိုင်မလဲဆိုတာ စောင့်ကြည့်ချင်စရာပါ။ ဒါပေမယ့် အာဂျင်တီးနားနဲ့ပွဲ ရေကုန်ရေခမ်း ကစားထားတာတွေကြောင့် အခု ပိုလန်နဲ့ပွဲမှာ ကစားသမားတချို့ fit မဖြစ်နေတာမျိုးနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

Poland vs Saudi Arabia: TV channel, live stream FREE and kick-off time for 2022 World Cup Group C clash | The Sun

Photo Credit : The Sun

ကမ္ဘာ့ဖလားမှာ သွင်းဂိုးမရရှိသေးတဲ့ လီဝန်ဒေါစကီးနဲ့ အာဂျင်တီးနားနဲ့ပွဲမှာ အာဂျင်တီးနား တိုက်စစ်ကို ကြံ့ကြံခိုင် ရင်ဆိုင်သွားခဲ့တဲ့ ဆော်ဒီဂိုးသမားကြီး အယ်လ်အိုဝါအစ်တို့ရဲ့ အားပြိုင်မှုက အခုပွဲမှာ အထူးစောင့်ကြည့်ရမယ့် အခြေအနေပါ။ ဒါပေမယ့် ပထမပွဲမှာ သရေတစ်မှတ်သာ ရရှိထားတဲ့ ပိုလန်က ဒီပွဲကို နိုင်ပွဲရယူဖို့အတွက် အဓိကတည်ကစားမှာဖြစ်လို့ ခံစစ်ကို အကျစ်လစ်ဆုံး ကစားပြီး ခံစစ်ကနေ ကွင်းလယ် ကွင်းလယ်ကနေ တိုက်စစ် အဆင့်ဆင့် စနစ်တကျ ပြန်လည် တုံ့ပြန်နိုင်တဲ့ အသင်းဖြစ်တာကြောင့် အကြိတ်အနယ် ကစားရင်းနဲ့ သရေကျသွားမယ်လို့ ထင်မိပါတယ်။