၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ကျင်းပလာခဲ့ရာ ဒီနေ့ဆိုရင်တော့ ရှုံးထွက်(၁၆)သင်းအဆင့် ပွဲစဉ်တွေရဲ့ တတိယနေ့ကို ရောက်ရှိလာခဲ့ပါပြီ။ ဒီနေ့မှာ စိတ်ဝင်စားဖို့ကောင်းတာက အုပ်စုကျပ်လာပါတယ်ဆိုတဲ့ အုပ်စု(၂)စုထဲကမှ အခုလို ရှုံးထွက်အဆင့်ထိ တတ်လှမ်းလာခဲ့ကြတဲ့ အာရှအသင်း(၂)သင်းရဲ့ ပွဲစဉ်တွေ ဖြစ်နေပါတယ်။ အဲ့ဒီပွဲစဉ်တွေထဲကမှ ည(၉)နာရီခွဲမှာ ယှဉ်ပြိုင်မယ့် ခရိုအေးရှားအသင်းနဲ့ ဂျပန်အသင်းတို့အတွက် ပွဲစဉ်အကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : Reuters

ပြီးခဲ့တဲ့ ၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲမှာတုန်းက ဗိုလ်လုပွဲအထိ တတ်လှမ်းခဲ့ပြီး ဒုတိယနေရာ ရယူနိုင်ခဲ့တဲ့ ခရိုအေးရှားဟာ ကာတာကမ္ဘာ့ဖလားမှာတော့ အုပ်စုတွင်း ရမှတ်(၅)မှတ် အုပ်စုဒုတိယနေရာနဲ့ ရှုံးထွက်ကို တတ်လှမ်းထားနိုင်ခဲ့ပါတယ်။ တိုက်စစ်က ကနေဒါလို ကမ္ဘာ့ဖလား အတွေ့အကြုံ မရှိသလောက် နည်းပါးတဲ့အသင်းနဲ့ ပွဲစဉ်မှာပဲ (၄)ဂိုး သွင်းယူနိုင်ခဲ့ပြီး မော်ရိုကိုနဲ့ပွဲမှာ ဂိုးပေါက်ပျောက်ခဲ့သလို ဘယ်လ်ဂျီယံနဲ့ပွဲမှာလည်း ခံစစ်ကစားရင်း အချိန်ကုန်ခဲ့ရပါတယ်။ အသင်းမှာ quality players တွေ များစွာ ပိုင်ဆိုင်ထားတယ်ဆိုပေမယ့် ဒီကစားသမား အများစုဟာ သက်ကြီးပိုင်း ကစားသမားတွေ ဖြစ်နေတဲ့အတွက် ဒုတိယပိုင်းမှ ကစားအားကို မြှင့်တင်လာတတ်တဲ့ ဂျပန်အသင်းနဲ့ ရင်ဆိုင်ဖို့အတွက်က မနည်း ထိန်းသိမ်းကစားရနိုင်ပါတယ်။ ခရိုအေးရှားက လက်ရှိအချိန်မှာ ဒဏ်ရာရ ပွဲပယ်ခံထားရတဲ့ ကစားသမား ကင်းရှင်းနေပြီး တိုက်စစ်ကစားသမား ခါမာရစ်က အသင်းအတွက် သွင်းဂိုး(၂)ဂိုး သွင်းယူပေးထားနိုင်ပါတယ်။

Preview: Japan vs. Croatia - prediction, team news, lineups - Sports Mole

Photo Credit : Sports Mole

စပိန် ဂျာမနီတို့လို ဥရောပထိပ်တန်းအသင်းတွေ ပါဝင်နေတဲ့ အုပ်စုမှာမှ အုပ်စုဗိုလ်နေရာပါ ရယူနိုင်ခဲ့တဲ့ ဂျပန်ကတော့ တကယ့်ကို big Europe teams killer လို့ပဲ ပြောရမလား ဒုတိယပိုင်းမှ နိုးထလာတတ်တဲ့ အပြာရောင်ဆာမူရိုင်းတွေလို့ပဲ သတ်မှတ်ရမလား မသိရလောက်အောင်ကို အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အုပ်စုတွင်းမှာ ကော်စတာရီကာတစ်ပွဲကိုပဲ ခြေချာ်ထားခဲ့ရတဲ့ ဂျပန်ဟာ ဦးဆောင်ခံရပြီးမှ နောက်ကနေ လိုက်ကစားရာမှာ အလွန်ထူးချွန်လှတဲ့ အသင်းမျိုး ဖြစ်တယ်ဆိုတာကို အားလုံးလည်း လက်ခံကြမှာပါ။ ဒါပေမယ့် သတိထားရမှာ တစ်ခုက အခု သူတို့ ရင်ဆိုင်ရမယ့် ခရိုအေးရှားရဲ့ ကစားပုံက စပိန် ဂျာမနီတို့နဲ့ ကွဲလွဲမှု ရှိနေတယ်ဆိုတာပါပဲ။ ခရိုအေးရှားက အသင်းမှာ ဝါရင့်ကစားသမားတွေ များပြားနေသလို ထိန်းလည်း ကစားတတ်တဲ့ အသင်းမျိုး ဖြစ်နေတာကြောင့် ဒါကို ဂျပန်ဘက်ကနေ ဗျူဟာတစ်မျိုးနဲ့ ပြန်လည် ချဉ်းကပ်ရဖို့ လိုအပ်ပါလိမ့်မယ်။

Photo Credit : Sporting News

သာမာန်အခြေအနေမှာဆိုရင် ခရိုအေးရှားနဲ့ ဂျပန်တို့ ဆုံတွေ့နေတာကြောင့် ခရိုအေးရှားပဲ နိုင်လိမ့်မယ်လို့ ပြောနိုင်ပေမယ့် လက်ရှိအခြေအနေဆိုရင်တော့ ဒီလို အလွယ်တကူ ပြောလို့မရနိုင်ပါဘူး။ ၂၀၁၈တုန်းက ကစားသမားဘဝရဲ့ အတောက်ပဆုံးအချိန်ကို ရောက်ရှိခဲ့ကြတဲ့ ခရိုအေးရှား players တွေက အခုချိန်မှာ အတွေ့အကြုံ သဘာတွေနဲ့ ပွဲကို ထိန်းထိန်းသိမ်းသိမ်း ကစားနေရသလို ကစားအားတွေလည်း ကျဆင်းနေကြပြီ ဖြစ်ပါတယ်။ ဂျပန်ကတော့ တဟုန်ထိုး တိုးတတ်မှုတွေနဲ့ ဂျာမနီ စပိန် နှစ်သင်းလုံးကို အလဲထိုးနိုင်ခဲ့ပြီး အခုလည်း ခရိုအေးရှားကိုပါ ထပ်မံ ကျော်ဖြတ်သွားဖို့ ပြင်ဆင်လာမှာပါ။ ခရိုအေးရှားနဲ့ ဂျပန်တို့ဟာ လွန်ခဲ့တဲ့ ၂၀၀၆ ကမ္ဘာ့ဖလားတုန်းက အုပ်စုအဆင့်မှာ ဆုံတွေ့ထားခဲ့ဖူးပြီး ဂိုးမရှိသရေ ဖြစ်ထားခဲ့သလို ၁၉၉၈ ကမ္ဘာ့ဖလားမှာလည်း အုပ်စုပွဲစဉ်အဖြစ်ပဲ ဆုံထားခဲ့ကာ ခရိုအေးရှားက (1-0) နဲ့ နိုင်ထားခဲ့ပါတယ်။ တွေ့ဆုံမှု (၂)ကြိမ်လုံးက ဂိုးအနည်းတွေသာ ဖြစ်ခဲ့သလို အခုအခြေအနေအရလည်း ဂိုးအနည်းကိုသာ ဦးတည်နေနိုင်ပါတယ်။ ဒါ့အပြင် စိတ်ဓါတ်မာကြောပြီး မဖြစ်နိုင်တာတွေ လုပ်ပြနေတဲ့ ဆာမူရိုင်းတွေနဲ့ပဲ ရင်ခုန်ကြည့်သွားချင်ပါတယ်။