ဂျုဗင်တပ်စ်အသင်းရဲ့ ပြင်သစ် ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာဟာ လက်ရှိမှာ အသင်းနည်းပြ မက်စ်အယ်လီဂရီနဲ့ မပြေမလည် ဖြစ်နေရပြီး အတ္တလန်တာနဲ့ စီးရီးအေပွဲစဉ်အတွင်း ပေါ့ဘာ ကွင်းလယ်မှာ ဘောလုံး ဆုံးရှုံးမှုများနေတာနဲ့ ပတ်သက်ပြီး ပေါ့ဘာရဲ့ ပြောဆိုမှုတွေက လက်ခံစရာ မရှိဘူးလို့ အယ်လီဂရီက ထုတ်ပြန်ထားခဲ့ပါတယ်။

Massimiliano Allegri claims that Paul Pogba told him to 'relax' during Atalanta vs Juventus

Photo Credit : Daily Mail

ပေါ့ဘာဟာ အတ္တလန်တာ နဲ့ ဂျုဗင်တပ်စ်အသင်းတို့ရဲ့ စီးရီးအေပွဲစဉ်ရဲ့ ဒုတိယပိုင်း ပွဲချိန်အတွင်းမှာ လူစားဝင်အဖြစ် ပါဝင်ခဲ့ရင်းနဲ့ သူ ကစားရတဲ့ ပွဲချ်ိန်ထဲ ဘောလုံး ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေခဲ့ရပါတယ်။ ဒီ အခြေအနေနဲ့ ပတ်သက်ပြီး ဂျုဗင်တပ်စ် နည်းပြ အယ်လီဂရီက “ပေါ့ဘာရဲ့ အရည်အချင်းနဲ့ ထူးခြားတဲ့ လက္ခဏများအရဆိုရင် ဒီလို အခြေအနေတွေမှာ သူ့အနေနဲ့ ဘောလုံး ဆုံးရှုံးတာမျိုးတွေ မဖြစ်နိုင်သင့်ဘူး။ သူကတော့ ကျွန်တော့်ကို စိတ်အေးအေးထားပါဆိုပြီး လှမ်းပြောတယ်။ ဒါပေမယ့် စိတ်အေးအေးထားနေရမယ့် အခြေအနေမှ မဟုတ်တာ။ ဒီလိုအချိန်မျိုးမှာ ကျွန်တော်တို့က ဘောလုံး မဆုံးရှုံးဖို့ လိုအပ်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

Paul Pogba made just his fifth Serie A appearance of the season against Atalanta

Photo Credit : Daily Mail

အသက် (၃၀)အရွယ်ရှိ ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ဒီရာသီမှ မန်ယူနိုက်တက်ကနေ ဂျုဗင်တပ်စ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ နောက်တစ်ကြိမ် ထပ်မံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းကို ပြောင်းလာချင်းမှာပဲ ဒဏ်ရာ ရရှိသွားခဲ့လို့ ဒီရာသီထဲ ပြိုင်ပွဲစုံ (၈)ပွဲသာ ကစားထားရပါသေးတယ်။ ဒဏ်ရာ ပြသာနာတွေကြောင့် လပိုင်းများစွာ အနားယူခဲ့ရတဲ့အပြင် အသင်းမှာပါ စည်းကမ်းပိုင်း မလိုက်နာမှုကြောင့် ဖရိုင်းဘတ်အသင်းနဲ့ ရင်ဆိုင်ရတဲ့ ယူရိုပါလိဂ် ကစားသမားစာရင်းကနေ ဖယ်ရှားခံရပါသေးတယ်။

The midfielder has suffered with injuries in his first season back at Juventus

Photo Credit : Daily Mail

တစ်ချိန်တုန်းက မန်ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြ ဂျိုးဆေးမော်ရင်ဟိုက ပေါ့ဘာကို အသင်းအတွက် မကောင်းတာတွေပဲ ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်လို့ သတ်မှတ် ခေါ်ဆိုခဲ့ဖူးပါတယ်။ ပေါ့ဘာနဲ့ မော်ရင်ဟိုတို့ကြားမှာ လုံးဝကို မပြေလည်မှုတွေ ရှိခဲ့ဖူးပြီး အဲ့ဒီအချိန်ကတော့ ယူနိုက်တက်က ပေါ့ဘာထက် မော်ရင်ဟိုကိုသာ အသင်းကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိမှာလည်း ပေါ့ဘာဟာ အယ်လီဂရီနဲ့ပါ အဆင်မပြေ ဖြစ်နေရတာကြောင့် ပေါ့ဘာက မော်ရင်ဟို ပြောခဲ့သလို ဗိုင်းရပ်စ်များ ဖြစ်နေမလားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။