မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပြင်သစ် တိုက်စစ်ကစားသမား အန်တိုနီ မာရှယ်ဟာ သူ့ကို ဖီနာဘာချီအသင်းဘက်က ကမ်းလှမ်းမှုတွေ ရှိနေသည့်တိုင် ရာသီကုန်အထိ ယူနိုက်တက်မှာပဲ ဆက်လက် ရှိသွားနိုင်တယ်လို့ talkSPORT ကနေ ဖော်ပြလာခဲ့ပါတယ်။

မာရှယ်ဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၄ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်း ကျန်ရှိနေတော့တာဖြစ်ပြီး သူရဲ့စာချုပ်မှာ တစ်နှစ် ထပ်မံ သက်တမ်းတိုးခွင့်ပါ ပါဝင်နေပေမယ့် အသင်းဘက်ကတော့ ဒါကို အသုံးချသွားဖို့ မရှိပဲ စာချုပ်ကုန်ဆုံးမှသာ လက်လွတ်သွားဖို့ပဲ ရှိနေပါတယ်။

Photo Credit : Sports Mole

ဒါပေမယ့် အခု ဆောင်းဈေးကွက်မှာပဲ မာဆေးလ် ဖီနာဘာချီအသင်းတွေက ပြင်သစ် လက်ရွေးစင်ဟောင်း မာရှယ်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိလာခဲ့ပြီး ဖီနာဘာချီဆိုရင် ယူနိုက်တက်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေလည်း ရှိနေတာကြောင့် ဖရက်ဒ်အပြီး မာရှယ်ကိုပါ ထပ်ခေါ်နိုင်ဖို့ ကြိုးပမ်းလာခဲ့ပါတယ်။

ဒါပေမယ့် မာရှယ်ကို ကမ်းလှမ်းလာတဲ့ ကမ်းလှမ်းလာမှုတွေက ယူနိုက်တက်အတွက် လက်ခံနိုင်လောက်စရာ ကမ်းလှမ်းမှုတွေ ဖြစ်မနေသလို အငှားကမ်းလှမ်းမှုတွေပါ ပါဝင်လာခြင်းကိုလည်း ယူနိုက်တက်ဘက်က သဘောမတူနိုင်တာမို့ မာရှယ်အနေနဲ့ ရာသီကုန်အထိ အသင်းမှာပဲ ဆက်နေရဖွယ် ရှိနေပါတယ်။

Photo Credit : talkSPORT

ဒါ့အပြင် ယူနိုက်တက်အနေနဲ့ အခု ဆောင်းဈေးကွက်အတွင်း ကစားသမား ခေါ်ယူမှု လုပ်ဆောင်ဖို့က FFP စည်းမျဉ်းတွေကြောင့် မလွယ်ကူနိုင်ပဲ အငှားခေါ်ယူမှုလောက်နဲ့သာ ကမ်းလှမ်းရနိုင်တာမို့ ဒါက ယူနိုက်တက်အတွက် ခေါင်းခဲစေနိုင်ပါတယ်။

ယူနိုက်တက် တိုက်စစ်ဟာ လက်ရှိအချိန်မှာ ရပ်ရှ်ဖို့ဒ် မာရှယ် ဟွိုင်လန်း အန်တိုနီ ဂါနာချိုတို့ထက် တိုက်စစ် စွမ်းဆောင်ရည်က အလွန် အားနည်းလွန်းလျက် ရှိနေပြီး ဒီရာသီထဲ အသင်းက ပရီးမီးယားလိဂ် ပွဲ (၂၀) ကစားထားပြီးချိန် သွင်းဂိုး စုစုပေါင်း (၂၂)ဂိုးလေးသာ သွင်းယူထားနိုင်တဲ့အထိ အခြေအနေ ဆိုးလွန်းနေပါတယ်။