ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဆီနီဂေါ တိုက်စစ်ကစားသမား ဆာဒီယိုမာနေးက လီဗာပူးလ်အသင်းကနေ ဘိုင်ယန်အသင်းဆီကို ပြောင်းရွှေ့ဖြစ်ခဲ့ချိန်မှာ သူ့ကို ခရစ္စတီယာနိုရော်နယ်လ်ဒိုက ဒီအပြောင်းအရွှေ့ဟာ ကောင်းမွန်တဲ့ ခြေလှမ်းတစ်ခု ဖြစ်တယ်လို့ မှတ်ချက်ပြု ပြောဆိုခဲ့ကြောင်း ထုတ်ဖော် ဖွင့်ဟသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဆီနီဂေါလက်ရွေးစင် မာနေးဟာ သူရဲ့ ဘွန်ဒစ်လီဂါ ကစားသမားဘဝ မစတင်ခင် စပိန်နိုင်ငံ မာယော့ကာမြို့မှာ ရော်နယ်လ်ဒိုနဲ့ တွေ့ဆုံဖြစ်ခဲ့ပြီး ဒီလို တွေ့ဆုံချိန်မှာလည်း လီဗာပူးလ်ကနေ ဘိုင်ယန်ကို ပြောင်းရွှေ့ခဲ့တဲ့ မာနေးရဲ့ အပြောင်းအရွှေ့ကိုပါ ချီးမွှမ်း ပြောဆိုခဲ့တယ်လို့ မာနေးက ဖွင့်ဟလာခဲ့ပါတယ်။ အသက်(၃၀)အရွယ်ရှိ မာနေးဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့ချိန်မှာ အသင်းနဲ့ သက်တမ်းမတိုးတော့ပဲ ဘိုင်ယန်အသင်းဆီကိုသာ ပေါင်(၃၅.၁)သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

The Senegal attacker said he met with the Al-Nassr superstar, 38, in Mallorca before his first season in the Bundesliga

Photo Credit : Daily Mail

ရော်နယ်လ်ဒိုနဲ့ ဆုံတွေ့ခဲ့ချိန်တုန်းက အမှတ်တရတွေနဲ့ ပတ်သတ်ပြီး မာနေးက “ဒီဘောလုံးရာသီ မစတင်ခင်မှာ ကျွန်တော် ရော်နယ်လ်ဒိုနဲ့ မာယေ့ကာမှာ ဆုံတွေ့ခဲ့ပါသေးတယ်။ အဲ့ဒီအချိန်က ကျွန်တော်ရဲ့ အပြောင်းအရွှေ့ကလည်း ပြီးမြောက်ထားခဲ့ပါပြီ။ သူက ကျွန်တော့်ကို ဂုဏ်ပြုစကားဆိုခဲ့ပြီး ဘိုင်ယန်က ထိပ်တန်း ကလပ်အသင်း တစ်သင်းပဲ ဒါက မင်းအတွက် တကယ့်ကို ကောင်းမွန်တဲ့ ခြေလှမ်းတစ်ခု ဖြစ်တယ်လို့ပါ ပြောသွားခဲ့တယ်” လို့ ဖွင့်ဟသွားခဲ့ပါတယ်။

Mane (pictured with former teammate Mo Salah) won six major trophies during six years on Merseyside, claiming every major club honour

Photo Credit : Daily Mail

ဆက်လက်ပြီး မာနေးက လူတွေဟာ ဘွန်ဒစ်လီဂါပြိုင်ပွဲအပေါ် အထင်အမြင်သေးလွန်းနေကြပေမဲ့ ဂျာမန်အသင်းတွေ ဘာတွေ လုပ်ပြနိုင်သလဲဆိုတာကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သက်သေပြသထားတယ်လို့ တုံ့ပြန်သွားခဲ့ပါတယ်။ လက်ရှိမှာတော့ မာနေးရဲ့ ဘိုင်ယန်အသင်းဟာ ဒေါ့မွန်အသင်းနဲ့ ဘွန်ဒစ်လီဂါပြိုင်ပွဲအတွင်း ရမှတ်တူ အနေအထားမှာ ရှိနေရပြီး ချန်ပီယံဆုအတွက် အပြိုင်အဆိုင် ဖြစ်နေရသလို မာနေးကလည်း ဒီရာသီမှာ ဘိုင်ယန်အတွက် ဘွန်ဒစ်လီဂါ သွင်းဂိုး (၆)ဂိုးနဲ့ ဂိုးဖန်တီးမှု (၃)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ မာနေးဟာ ပီအက်စ်ဂျီအသင်းနဲ့ ထပ်မံ ရင်ဆိုင်ရမဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာလည်း အသင်းအတွက် ပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်။