ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ နယ်သာလန်ကွင်းလယ်ကစားသမား ဖရန်ကီဒီယောင်းအတွက် သူရဲ့လုပ်ခလစနဲ့ အပိုဆုကြေးတွေ ပေါင်(၁၇)သန်းအထိ ပေးချေသွားဖို့ အကြွေးတင်နေတယ်လို့ The Telegraph ရဲ့ ဂျာနယ်လစ် James Ducker က အတည်ပြု ဖော်ပြသွားခဲ့ပါတယ်။

Reaching agreement on price, indicating when MU announced the De Jong case

Photo Credit : NewsBezzer

ကိုရိုနာဗိုင်းရပ်စ် ကပ်ဆိုက်နေတဲ့ အချိန်ကာလမှာ စီးပွားရေးတွေ ထိုးကျနေရတာဖြစ်လို့ ဖရန်ကီဒီယောင်းက သူရဲ့လစာနဲ့ အကျိုးခံစားခွင့်တွေကို ရွှေ့ဆိုင်းထားဖို့အတွက် သဘောတူညီခဲ့ပြီး အဲ့ဒီရွှေ့ဆိုင်းခဲ့တဲ့ စုစုပေါင်းတန်ဖိုးက အခြေခံလစာ ပေါင်(၁၃.၇)သန်း အကျိုးခံစားခွင့်(ဘောနပ်စ်ကြေး) ပေါင်(၃.၄)သန်း စုစုပေါင်း ပေါင်(၁၇)သန်းအထိကို ရှိနေရပါတယ်။ ဒီလို အသင်းဘက်ကနေ ပေးချေဖို့ ကျန်ရှိနေတဲ့ လစာကြွေးတွေကြောင့် ဒီယောင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ အပြောင်းအရွှေ့က လိုတာထက်ကို ပိုမိုကြန့်ကြာနေရတာ ဖြစ်တယ်လို့လည်း သုံးသပ်ပြောဆိုနေကြပါတယ်။

Frenkie de Jong to Man United: Latest transfer news, fee, contract,  position, style of play | Sporting News India

Photo Credit : Sporting News

ဒီယောင်းရဲ့ အေးဂျင့်ဖြစ်သူကတော့ သူရဲ့ ကစားသမားသာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ လက်ခံမယ်ဆိုရင် အပြောင်းအရွှေ့ မဖြစ်ပေါ်ခင်မှာပဲ သူ့ကစားသမားအတွက် သင့်တော်တဲ့ လစာကြွေးတွေကို ဘာစီလိုနာဘက်ကနေ ပေးချေသွားဖို့ တောင်းဆိုသွားမှာဖြစ်တဲ့အတွက် ဒီကိစ္စရပ်တွေကို ဘာစီလိုနာက ညှိနှိုင်းဆောင်ရွှက်နေရတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌဖြစ်သူ ယိုဟန်လာပေါ်တာက သူ့အနေနဲ့ ဒီယောင်းကို လုံးဝ ရောင်းချသွားဖို့ ဆန္ဒမရှိဘူးလို့ ထုတ်ပြန်ပြောကြားထားခဲ့ပေမယ့် လက်ရှိအနေအထားအရတော့ အသင်းမှာပဲ ဆက်ထားထား ယူနိုက်တက်အသင်းဆီကို ရောင်းချချ ဒီယောင်းအတွက် ပေးချေရမယ့် လစာကြွေးတွေကိုတော့ မဖြစ်မနေ ပေးချေရမယ့် အခြေအနေ ဖြစ်နေရပါတယ်။ ယူနိုက်တက်ဘက်ကတော့ ဒီယောင်းကို ခေါ်ယူဖို့အတွက် ဘာစီလိုနာအသင်းနဲ့ သဘောတူညီမှုပါ ရယူထားနိုင်ခဲ့ပေမယ့်လည်း ဘာစီလိုနာနဲ့ ဒီယောင်းတို့ကြားက မပြီးစီးနိုင်သေးတဲ့ အနေအထားတွေကြောင့် အပြောင်းအရွှေ့က အထမြောက်ဖို့ ကြန့်ကြာနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီယောင်းကိုယ်တိုင်ကလည်း ဆရာဟောင်း အဲရစ်တန်ဟက်ဂ်နဲ့ ပြန်လည်လက်တွဲဖို့ထက် ဘာစီလိုနာအသင်းမှာသာ ပျော်ရွှင်နေတာကြောင့် ကစားသမားနဲ့ သဘောတူညီမှု ရယူဖို့က ခက်ခဲနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာက ဒီယောင်းနဲ့ ကစားတဲ့ နေရာချင်းတူတဲ့ ကွင်းလယ်လူ ဖရန့်ကတ်ဆေးကို ခေါ်ယူထားနိုင်ပြီ ဖြစ်တာကြောင့် ဒီယောင်းရဲ့ အနာဂတ်က ဘာတွေဆက်ဖြစ်မလာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပြီး ယူနိုက်တက်ကလည်း ဒီယောင်းကို လက်မလျှော့စတမ်း ဆက်လက်ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။