မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ကြယ်ပွင့် ကစားသမားဖြစ်သူ ဗင်နီစီယပ်စ် ဂျူနီယာကို ပြောင်းရွှေ့ကြေး ပေါင် သန်း(၁၃၀)နဲ့ ကမ်းလှမ်းသွားချင်နေတယ်လို့ စပိန် အခြေစိုက် Sport ကနေ သတင်းဖော်ပြလာခဲ့ပါတယ်။

ဘရာဇီးလ် လက်ရွေးစင် ဘယ်တောင်ပံ တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ဟာ ရီးယဲလ်အသင်းရဲ့ အဓိက အကျဆုံး player တစ်ဦး ဖြစ်ပေမယ့်လည်း အသင်းက ကီလီယန် အမ်ဘာပေကို ခေါ်ယူဖို့ ကြိုးပမ်းရမှာ အသုံးပြုရမယ့် ငွေကြေးက အမြောက်အများ ရှိနိုင်တဲ့အတွက် ဗင်နီစီယပ်စ်ကိုပါ ရောင်းချသွားနိုင်တယ်လို့ Sport မှာ ဖော်ပြထားပါတယ်။

Photo Credit : El Futbolero US

တကယ်လို့သာ ရီးယဲလ်အနေနဲ့ ဗင်နီစီယပ်စ်ကို အရောင်းစာရင်းထဲ တင်လိုက်မယ်ဆိုရင် ယူနိုက်တက်က ဗင်နီစီယပ်စ်အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း(၁၃၀)နဲ့ ကမ်းလှမ်းသွားဖို့ စီစဉ်နေတယ်လို့ပါ သတင်းထွက်လာခဲ့ပါတယ်။

ဗင်နီစီယပ်စ်ကတော့ စပိန်မြေမှာ လူမျိုးရေးခွဲခြားမှုတွေနဲ့ ရင်ဆိုင်ရကတည်းက ရီးယဲလ်ကနေ ထွက်ခွာမယ်လို့ သတင်းမွှေးခဲ့ဖူးပေမယ့် သူကိုယ်တိုင်က မနှစ်ကပဲ ရီးယဲလ်နဲ့ စာချုပ်သက်တမ်း တိုးမြှင့်ထားခဲ့တဲ့အပြင် ရီးယဲလ် တိုက်စစ်မှာလည်း ဗင်နီစီယပ်စ်က အရေးအပါဆုံး ကစားသမားအဖြစ် ဆက်ရှိနေပါတယ်။

Photo Credit : TEAMtalk

ဒါပေမယ့် ရီးယဲလ်သာ ဘာပေကို ခေါ်ယူမယ်ဆိုရင် ဘာပေ နဲ့ ဗင်နီစီယပ်စ်တို့ ကစားတဲ့ နေရာချင်း တူနေတာကြောင့် ဘာပေက အထောင်နေရာမှာသာ ကစားချင်း မရှိဘူးဆိုရင် ဘာပေ နဲ့ ဗင်နီတို့က ဘယ်ခြမ်းတိုက်စစ် နေရာအတွက် တိုက်ပွဲဝင်ရနိုင်ပါတယ်။

ဒါပေမယ့်လည်း ရီးယဲလ်အသင်းက သူတို့အသင်းအတွက် အားထားရတဲ့ ဗင်နီစီယပ်စ်လို ကစားသမားမျိုးကို အသင်းကနေ အလွယ်တကူ ရောင်းထုတ်သွားမှာ မဟုတ်သလို တကယ်လို့ ရောင်းချဖြစ်မယ်ဆိုရင်တောင်မှ အခု သတင်းထွက်နေသလို ပေါင် သန်း(၁၃၀)ထက် ပိုမိုတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့သာ ရောင်းချဖွယ် ရှိနိုင်တဲ့အပြင် ဗင်နီကိုယ်တိုင်ကလည်း ရီးယဲလ်နဲ့သာ ဆက်လက် လက်တွဲသွားဖို့ပဲ ရှိနိုင်ပါတယ်။