မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဒီနွေဈေးကွက်ထဲ သူတို့အသင်းရဲ့ အဓိက ပစ်မှတ်ဖြစ်သူ ချယ်လ်ဆီး ကွင်းလယ်လူ မေဆန်မောင့်အတွက် တတိယအကြိမ်အထိ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့သည်တိုင် ဆက်တိုက် ပယ်ချထားခံရလို့ လက်ရှိမှာ ချယ်လ်ဆီး ပစ်မှတ်ဖြစ်နေတဲ့ ဘရိုက်တန် ကစားသမား မွိုက်စ်ကိုင်စီဒိုကိုပဲ ပြောင်းလဲ ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။

Chelsea await Mason Mount transfer action from Man United as Moises Caicedo  reality appears - football.london

Photo Credit : Football London

ဒီနွေမှာ ချယ်လ်ဆီးအသင်းနဲ့ သေချာပေါက် လမ်းခွဲသွားဖို့ ရှိနေတဲ့ အင်္ဂလန် ကွင်းလယ်လူ မေဆန်မောင့်ကို မန်ယူနိုက်တက်က ခေါ်ယူနိုင်ဖို့အတွက် ကမ်းလှမ်းမှု (၃)ကြိမ်အထိ ပြုလုပ်ထားခဲ့ပေမယ့် အဲ့ဒီ ကမ်းလှမ်းမှုတွေအားလုံးကို ပယ်ချထားခဲ့တာကြောင့် ယူနိုက်တက်က မောင့်ကို ခေါ်ယူရေး အဆုံးသတ်လိုက်ဖို့သာ ရှိလာခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်က မောင့်အတွက် တတိယအကြိမ် ကမ်းလှမ်းမှုမှာ အပိုဆုကြေး အပါအဝင် ပေါင်(၅၅)သန်းနဲ့ ကမ်းလှမ်းထားတာဖြစ်ပြီး အဲ့ဒီဈေးထက် ပိုမို တိုးပေးသွားဖို့ ဆန္ဒမရှိတော့လို့ ဘရိုက်တန် ကွင်းလယ်လူ ကိုင်စီဒိုကိုသာ အာရုံစိုက်လာခဲ့ပါတော့တယ်။

Photo Credit : Man Utd Core

ချယ်လ်ဆီးက မောင့်အတွက် ပေါင်(၆၅)သန်းလောက် အလိုရှိတယ်လို့ ယူနိုက်တက်ကို အကြောင်းကြားထားခဲ့ပေမယ့် ယူနိုက်တက်က မောင့်ကို (၆၅)သန်းအထိ ပေးပြီး ခေါ်ယူဖို့ဆိုတာ လက်တွေ့မဆန်တာကြောင့် ကမ်းလှမ်းမှုတွေ ထပ်မံ ပြုလုပ်ဖို့ ဆန္ဒမရှိတော့ပဲ ဒီနွေမှာ ချယ်လ်ဆီး အသည်းအသန် လိုက်နေတဲ့ ကိုင်စီဒိုကိုပဲ ပြောင်းလဲ ပစ်မှတ်ထားလာခဲ့ပါတယ်။ ကိုင်စီဒိုကတော့ သေချာပေါက် မေဆန်မောင့်ထက်ကို ပြောင်းရွှေ့ကြေး မြင့်မားမှာဖြစ်ပြီး ချယ်လ်ဆီးနဲ့လည်း personal agreed ဖြစ်ထားတာကြောင့်လည်း ယူနိုက်တက်အတွက် ခက်ခဲရနိုင်ပါတယ်။

My dream is to arrive at Manchester United" - Moises Caicedo's old comments  resurface amid potential pursuit from Red Devils

Photo Credit : Sportskeeda

ဒါပေမယ့် ယူနိုက်တက်က မေဆန်မောင့်အတွက်သာ ပေါင် (၆၅)သန်းအထိ အသုံးပြုဖို့ ဆန္ဒမရှိပဲ ဖြစ်နေပြီး ကိုင်စီဒိုအတွက် ဘယ်လောက်အထိ အသုံးပြုလာမလဲဆိုတာကိုတော့ စောင့်ကြည့်သွားရဖွယ် ရှိနေပါတယ်။ နွေဈေးကွက်ထဲ အသုံးစရိတ် သိပ်မရထားတဲ့ ယူနိုက်တက်အသင်း နေရာစုံမှာပါ ကစားသမားသစ်တွေ ဖြည့်တင်းဖို့ လိုအပ်နေချိန် ကွင်းလယ်ပိုင်းအတွက်ကိုပဲ ငွေကြေးတွေ ပုံအော သုံးစွဲသွားမလားဆိုတာကလည်း တကယ်ကို စောင့်ကြည့်ချင်စရာ ဖြစ်နေပါတယ်။