တိုက်စစ်ပိုင်းအတွက် ဟာရီကိန်း အိုဆင်မန် မူအာနီ ရာမို့စ်တို့ကို ပစ်မှတ်ထားနေပြီး ခံစစ်အတွက် ကင်မင်ဂျယ်တို့ကို အလိုရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ကွင်းလယ်ပိုင်းအတွက်ကိုလည်း မိုချန်ဂလာဘတ်ရဲ့ ပြင်သစ် ကွင်းလယ်ကစားသမားလေး မာနူကိုနေးကို ခေါ်ယူသွားချင်နေတယ်လို့ ပြင်သစ် မီဒီယာ RMC Sport ကနေ ဖော်ပြလာပါတယ်။

လက်ရှိ ယူနိုက်တက်ရဲ့ ကွင်းလယ်မှာ ကက်စီမဲရိုး ဖာနန်ဒက်ဇ် ဖရက် တွမ်မီနေး အဲရစ်ဆင်နဲ့ ဆာဘစ်ဇာတို့ ရှိနေပေမယ့်လည်း ဒီနောက်ပိုင်း ပွဲတွေမှာ ကက်စီမဲရိုး ခြေစွမ်းပိုင်း နည်းနည်း ကျဆင်းလာသလို အဲရစ်ဆင်လည်း ရုန်းကန်လာရပြီး တွမ်မီနေးက အသင်းနဲ့ လမ်းခွဲဖွယ် ရှိနေကာ ဆာဘစ်ဇာကိုလည်း အပြီးသတ် ခေါ်မခေါ်ဆိုတာ မသေချာသေးလို့ ကွင်းလယ်ပိုင်းလည်း အားဖြည့်ဖို့ လိုအပ်လာခဲ့ပါတယ်။

Manu Koné among names Borussia Mönchengladbach could look to sell - Get  German Football News

Photo Credit : Get French Football News

အဓိကတော့ ကက်စီမဲရိုး ဒဏ်ရာ၊ပွဲပယ်တွေ ဖြစ်တဲ့အချိန်မှာ ကက်စီနေရာ အစားဝင်နိုင်မယ့် ကွင်းလယ်ခံစစ်ပိုင်း အဓိက ကစားနိုင်တဲ့ ကွင်းလယ်လူကို ခေါ်ယူရမယ့် ယူနိုက်တက်ဟာ လက်ရှိမှာတော့ အသက်(၂၂)နှစ်အရွယ် ပြင်သစ်သားလေး ကိုနေးကို စိတ်ဝင်စားနေပါတယ်။ ပြင်သစ် ယူ-၂၁အသင်းရဲ့ ကွင်းလယ်ကစားသမား ကိုနေးဟာ ပြင်သစ်လပ် တူးလော့စ် လူငယ်အသင်းကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး လက်ရှိမှာ မိုချန်ဂလာဘက်အသင်းအတွက် ပွဲပေါင်း (၆၀)လောက်အထိ ကစားထားခဲ့ပါတယ်။

Photo Credit : Twitter

Central Midfielder ရော Defensive Midfielder နေရာမှာပါ အကောင်းဆုံး ကစားနိုင်သူဖြစ်တဲ့ ကိုနေးဟာ မိုချန်ဂလာဘက်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးလည်းဖြစ်ပြီး သူရဲ့လက်ရှိတန်ကြေးကတော့ ယူရို သန်း(၃၀)လောက် ရှိနေပါတယ်။ ယူနိုက်တက်ဘက်ကတော့ အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် မာနူကိုနေးအပြင် ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားရပြီဖြစ်တဲ့ ဆောက်သမ်တန်အသင်းရဲ့ ကွင်းလယ်လူ လာဗီယာကိုပါ ချိန်ရွယ်လျက် ရှိနေပါတယ်။ မန်စီးတီး လူငယ် ကစားသမားဟောင်း လာဗီယာကို ယူနိုက်တက် အပါအဝင် ပရီးမီးယားလိဂ် ကလပ်အသင်းတွေက အပြိုင် စိတ်ဝင်စားနေတာကြောင့် အပြိုင်ကမ်းလှမ်းဖိုိ့ထက် ကိုနေးကိုသာ ကြိုးပမ်းဖွယ်သာ ရှိနိုင်ပါတယ်။