မန်ချက်စတာ စီးတီးအသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ အသင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် ထိပ်တန်း ကစားသမားတွေကို ပစ်မှတ်ထားလျက် ရှိနေပြီး သူတို့ရဲ့ ပစ်မှတ်စာရင်းထဲမှာ ရီးယဲလ် မက်ဒရစ်က ပြင်သစ် ကွင်းလယ်ကစားသမား အက်ဒွါဒို ကာမာဗင်ဂါပါ ပါဝင်နေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။
မန်စီးတီးက ဒီရာသီမှာ အဓိက ကွင်းလယ်လူ ရိုဒရီ ACL ထိသွားလို့ ကာလရှည်ကြာ အနားယူရပြီးနောက်ပိုင်း မန်စီးတီးရဲ့ ခြေစွမ်းပိုင်းနဲ့ ရလဒ်ပိုင်းတွေက ထိုးကျလာခဲ့သလို ချန်ပီယံလိဂ်မှာ စောစောစီးစီး ထွက်ခဲ့ရသလို ပရီးမီးယားလိဂ်မှာဆိုရင်လည်း ရှုံးပွဲ (၉)ပွဲထိတောင် ရှိလာခဲ့ကာ ချန်ပီယံလိဂ် ဝင်ခွင့်အတွက်ပါ စိုးရိမ်လာခဲ့ရပါတယ်။
Photo Credit : talkSPORT
ဒီလို အခြေအနေတွေကြောင့်ပဲ မန်စီးတီးက လာမယ့်ဈေးကွက်တွေအတွင်းမှာ ကစားသမား အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်သွားဖို့ စီစဉ်လာခဲ့ပြီး လက်ရှိမှာတော့ ရီးယဲလ်အသင်းရဲ့ main player တစ်ဦးဖြစ်တဲ့ ကာမာဗင်ဂါလို ထိပ်သီး ကစားသမားတစ်ဦးကိုပါ စတင် ချိန်ရွယ်လာခဲ့ပြီပဲ ဖြစ်ပါတယ်။
အသက်(၂၂)နှစ်အရွယ် ပြင်သစ် လက်ရွေးစင် ကွင်းလယ်ကစားသမား ကာမာဗင်ဂါဟာ ကွင်းလယ်ခံစစ်နဲ့ ဘယ်ခြမ်းခံစစ်နေရာတွေအထိ လိုက်ပါကစားနိုင်သူဖြစ်ပြီး box-to-box player အဖြစ်နဲ့ပါ ကစားနိုင်သူလည်း ဖြစ်ပါတယ်။ ဘက်စုံသုံးနိုင်တဲ့ ကွင်းလယ်လူတစ်ဦး ဖြစ်တာကြောင့်မို့ သူ့ကို မန်စီးတီးက အတော်လေး စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
Photo Credit : talkSPORT
ရန်းစ်လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့ပြီး ၂၀၂၁ခုနှစ်မှာပဲ ရီးယဲလ်အသင်းဆီ ရောက်လာခဲ့တဲ့ ကာမာဗင်ဂါဟာ ရီးယဲလ်ကို ရောက်စဉ်ကတည်းက အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီး အသင်းနဲ့လည်း ဆုဖလားပေါင်းများစွာ ပိုင်ဆိုင်ခဲ့သလို ၂၀၂၉ခုနှစ်အထိပါ စာချုပ်သက်တမ်း ရှိနေသူလည်း ဖြစ်ပါတယ်။
ဒီလို ကစားသမားတစ်ဦးကို ရီးယဲလ်ဘက်က အလွယ်တကူ လက်လွတ်သွားမှာ မဟုတ်သလို ကာမာဗင်ဂါကလည်း ရီးယဲလ်ကနေ ထွက်ခွာဖွယ် မရှိနိုင်ပေမယ့် မန်စီးတီးနဲ့ ကာမာဗင်ဂါရဲ့ အေးဂျင့်ဖြစ်တဲ့ CAA Stellar တို့ကြားမှာ ဆက်ဆံရေးကောင်းတွေ ရှိလို့နေပြီး အိုမာ မာမွတ်ရှ်ကို ခေါ်ယူခဲ့တုန်းကလည်း အပြောင်းအရွှေ့ ဖြစ်ပေါ်လာအောင် ဆောင်ရွှက်ထားခဲ့တာကြောင့် ကာမာဗင်ဂါကိုပါ မန်ချက်စတာဆီ ပို့ဆောင်ပေးနိုင်မလားဆိုတာ စောင့်ကြည့်ချင်စရာကောင်းလာခဲ့ပါတယ်။