မန်ချက်စတာ စီးတီးအသင်းဟာ ဝုလ်ဗ်အသင်းရဲ့ ပေါ်တူဂီ ကွင်းလယ် ကစားသမား မာသီးယပ်စ် နူးနက်စ်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားပြီးနောက် ကစားသမားအတွက် တရားဝင် ကမ်းလှမ်းမှုပါ စတင် လုပ်ဆောင်လာခဲ့ပါတယ်။

ဖာဘရီဇီယို ရိုမာနိုရဲ့ သတင်းဖော်ပြချက်မှာတော့ မန်စီးတီးက နူးနက်စ်အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း (၅၀) + အပိုဆုကြေးတို့နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။

Photo Credit : Twitter

မန်စီးတီးအသင်းဟာ အသင်းရဲ့ အဓိက ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနား ဒဏ်ရာ ပြသာနာတွေ မကြာခဏ ရရှိနေတာကြောင့်ရော အသင်းခေါင်းဆောင် ဂွန်ဒိုဂန် ထွက်ခွာမှုကြောင့်ပါ ကွင်းလယ်ပိုင်းအတွက် ကစားသမားသစ်တွေ ထပ်မံ ဖြည့်တင်းသွားချင်နေတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ ချယ်လ်ဆီးအသင်းရဲ့ ခရိုအေးရှား ကွင်းလယ်လူ မက်တီအို ကိုဗာဆစ်ကို ခေါ်ယူထားနိုင်ခဲ့ပေမယ့်လည်း နောက်ထပ် ကွင်းလယ် ကစားသမားတစ်ဦးခန့်လောက် ထပ်မံ ခေါ်ယူချင်နေတာကြောင့် ဝက်စ်ဟမ်း ကွင်းလယ်လူ ပါကေတာကို ကြိုးပမ်းခဲ့ပေမယ့် ကစားသမားက လောင်းကစားကိစ္စတွေ ရှိနေတာကြောင့် ကြိုးပမ်းမှုကို အဆုံးသတ်ခဲ့ပါတယ်။

Photo Credit : Sky Sports

ဒါကြောင့် မန်စီးတီးက ခရစ္စတယ် ပဲလေ့စ်က အက်ဇီ နဲ့ ဝုလ်ဗ် ကွင်းလယ်လူ နူးနက်စ်တို့ (၂)ဦးကို ပြောင်းလဲ ပစ်မှတ်ထားလာရင်း နောက်ဆုံးမှာတော့ နူးနက်စ်ကိုသာ main target အဖြစ် သတ်မှတ်လိုက်ပြီး ကစားသမားနဲ့လည်း ပုဂ္ဂိုလ်ရေး သဘောတူညီမှုပါ ရယူနိုင်ခဲ့ပါတယ်။

ဒါကြောင့် မန်စီးတီးက နူးနက်စ် အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့ ဝုလ်ဗ်အသင်းဆီကို ယူရို သန်း(၅၀) + အပိုဆိုကြေးဆိုတဲ့ ကမ်းလှမ်းချက်နဲ့ တရားဝင် ကမ်းလှမ်းထားခဲ့ပြီး တကယ်လို့ ဝုလ်ဗ်ဘက်က ပယ်ချခဲ့ရင်လည်း တန်ကြေး တိုးမြှင့်ပြီး ထပ်မံ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။