မန်ချက်စတာစီးတီးအသင်းကတော့ သူတို့ရဲ့ ပြိုင်ဘက် လီဗာပူးလ်အသင်းဆီ ရောက်ရှိဖို့ နီးစပ်နေတဲ့ ဘရိုက်တန် ကွင်းလယ်ကစားသမား မက်အယ်လစ္စတာကို ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်းလာနိုင်တယ်လို့ သိရှိရပါတယ်။

Brighton chief Paul Barber dismisses Alexis Mac Allister to Liverpool  reports | talkSPORT

Photo Credit : talkSPORT

ဒီနှစ် ဘောလုံးရာသီမှာ ကွင်းလယ်ပိုင်း အားနည်းမှုတွေနဲ့ ကြုံတွေ့နေရတဲ့ လီဗာပူးလ်အသင်းက လာမယ့် ဈေးကွက်ဖွင့်ချိန် ဘရိုက်တန်အသင်းရဲ့ ကမ္ဘာ့ဖလားဆုရှင် ကွင်းလယ်လူ အယ်လစ္စတာကို ခေါ်ယူဖို့အတွက် ပစ်မှတ်ထားနေခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာလည်း အပြောင်းအရွှေ့ ဖြစ်ပေါ်ဖို့က အခြေအနေ အတော်လေး ကောင်းမွန်နေပါတယ်။ ဒါပေမယ့် ဒီအပြောင်းအရွှေ့ ဖြစ်ပေါ်မလာခင်မှာပဲ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးက အယ်လစ္စတာကို ကြားဖြတ်ခေါ်ယူဖို့ ပြင်ဆင်လာခဲ့တယ်လို့ The Mirror ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Mirror

မန်စီးတီးအသင်းက လာမယ့် ဈေးကွက်ထဲမှာ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်သော အသင်းခေါင်းဆောင် ဂန်ဒိုဂန် နဲ့ ဘာနာဒိုဆေးလ်ဗားတို့ကို လက်လွတ်ရနိုင်တာကြောင့် ဒီကစားသမားတွေကိုုသာ ဆုံးရှုံးရမယ်ဆိုရင် ပြန်လည် အစားထိုး ခေါ်ယူနိုင်ခြေရှိတဲ့ ကစားသမားစာရင်းထဲမှာ အယ်လစ္စတာပါ ပါဝင်လို့နေပါတယ်။ စီးတီးနည်းပြ ပက်ပ်ဂွာဒီယိုလာက အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ဘိုင်ယန်မှာ သူနဲ့ လက်တွဲခဲ့ဖူးသူ ဂျာမန် ကွင်းလယ်လူ ကင်မစ်ချ် ၊ ဘရိုက်တန် ကွင်းလယ်လူ အယ်လစ္စတာနဲ့ အယ်လစ္စတာရဲ့ ကလပ်အသင်းဖော် အန်စီဆိုနဲ့ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်တို့ကို ပစ်မှတ်ထားလို့နေပါတယ်။

ဒါ့အပြင် အသင်းရဲ့ နောက်ခံလူ လာပေါ့တ်သာ အသင်းပြောင်းသွားမယ်ဆိုရင်လည်း သူ့နေရာမှာ လိုက်ပ်ဇစ်ရဲ့ ခရိုအေးရှား ခံစစ်ကစားသမား ဂါဗာဒီယော့နဲ့ အစားထိုးသွားဖွယ် ရှိနေပါတယ်။