ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်ချက်စတာစီးတီးအသင်းဟာ အဲဗာတန်အသင်းရဲ့ စကော့တလန် ဆယ်ကျော်သက် ကစားသမားလေး အမ်မီလီယိုလော်ရန့်ကို အလုံးစုံ သဘောတူညီမှုတွေ ရယူနိုင်ခဲ့သလို ဆေးစစ်မှုတွေလည်း ပြီးဆုံးသွားခဲ့ရပြီဖြစ်ပြီး ကာလရှည် စာချုပ်ချုပ်ဆိုမှုကိုတော့ လာမယ့်ရက်ပိုင်းအတွင်းမှာပဲ လုပ်ဆောင်ဖွယ် ရှိနေပါတယ်။

Image

Photo Credit : Twitter

အခုနှစ် နွေဈေးကွက်အတွင်းမှာ အာလင်းဟော်လန်း ယူလီယန်အဲလ်ဗာရက်ဇ် စတက်ဖန်အော်တေဂါနဲ့ ကယ်လ်ဗင်ဖီးလစ်တို့ကို ခေါ်ယူအားဖြည့်ထားခဲ့တဲ့ မန်စီးတီးအသင်းဟာ လူငယ်အသင်းအတွက်ကိုလည်း အဲဗာတန်ယူ-၂၃အသင်းမှာ ပါဝင်ကစားနေတဲ့ စကော့တလန် ကွင်းလယ်တိုက်စစ်ကစားသမားလေး လော်ရန့်ကို ခေါ်ယူလိုက်ပါတယ်။ အသက်(၁၆)နှစ်အရွယ်သာ ရှိသေးတဲ့ စကော့တလန် ယူ-၁၇ ကစားသမားလေးဟာ ပရီးမီးယားလိဂ် ကလပ်အသင်းများစွာရဲ့ ပစ်မှတ်ဖြစ်လာခဲ့ရင်းကနေ နောက်ဆုံးမှာတော့ မန်စီးတီးအသင်းကိုသာ ရွေးချယ်ခဲ့ပြီး မကြာခင်မှာ မန်စီးတီးနဲ့ နှစ်ရှည် စာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားတော့မှာ ဖြစ်ပါတယ်။

Scotland star Emilio Lawrence 'snapped' by Premier League legends -  Sportings News

Photo Credit : Sporting News

ဘယ်ခြေအားသန်သူဖြစ်တဲ့ လော်ရန့်ဟာ central midfield နေရာနဲ့ attacking midfield နေရာတွေမှာ လိုက်ပါကစားတတ်သူဖြစ်ပြီး အဲဗာတန်စီနီယာအသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ် မချုပ်ဆိုခင်မှာ မန်စီးတီးအသင်းဆီကိုပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ လော်ရန့်ဟာ မနှစ်က ဘောလုံးရာသီအတွင်း အဲဗာတန် ယူ-၁၈နဲ့ ယူ-၂၃အသင်းတွေအတွက် စုစုပေါင်း (၂၂)ပွဲအထိ ပါဝင်ကစားပေးနိုင်ခဲ့ပြီး (၆)ဂိုးသွင်း (၃)ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဲဗာတန် ယူ-၁၈အသင်းအတွက် ပါဝင်ခဲ့ရချိန်မှာ လော်ရန့်ဟာ ကွင်းလယ်တိုက်စစ်နေရာသာမကပဲ ကွင်းလယ်ဘယ်ခြမ်း ဘယ်တောင်ပံ ညာတောင်ပံနဲ့ အထောင်တိုက်စစ် နေရာတွေမှာပါ ကစားခဲ့ရပါတယ်။ လော်ရန့်က သူရဲ့အသင်းသစ် မန်စီးတီးမှာတော့ မန်စီးတီး ယူ-၁၈အသင်းအတွက်ကိုသာ စတင် ကစားရဖွယ် ရှိနေပြီး တစ်ချိန်ချိန်မှာတော့ မန်စီးတီးစီနီယာအသင်းအတွက် ကစားပေးခွင့် ရရှိလာနိုင်တဲ့အထိ အကောင်းဆုံး စွမ်းဆောင်သွားဖွယ် ရှိနေပါတယ်။