မန်ချက်စတာစီးတီးအသင်းဟာ လာမယ့်နွေမှာ အင်္ဂလန်ကြယ်ပွင့် ကစားသမားလေး ဘယ်လင်ဟမ်ကို ဒေါ့မွန်အသင်းကနေ ခေါ်ယူသွားဖို့ ပြင်ဆင်ထားခဲ့ပေမယ့်လည်း အသင်း လက်ရှိ ကြုံတွေ့ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကြောင့် ဒီကစားသမားလေးကို ခေါ်ယူဖို့က မလွယ်ကူနိုင်တော့ပဲ လက်လျှော့လိုက်ရဖွယ်ပါ ရှိနေပါတယ်။

Photo Credit : Manchester Evening News

မန်စီးတီးအသင်းဟာ လက်ရှိမှာ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုတွေနဲ့ စွဲချက်တင်ထားခံရပြီး တကယ်လို့ ပြစ်မှုကျူးလွန်ထားကြောင်း စစ်ဆေးတွေ့ရှိခဲ့မယ်ဆိုရင် ကြီးလေးတဲ့ ပြစ်ဒဏ်တွေနဲ့ ရင်ဆိုင်ရဖွယ် ရှိနေတာကြောင့် ဒီလို အခြေအနေမျိုးနဲ့ ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူဖို့က ခက်ခဲရလာနိုင်ပါတယ်။ မန်စီးတီးအနေနဲ့ လာမယ့်နွေမှာ အသင်းအတွက် ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ဘယ်လင်ဟမ် လီယာအိုတို့ကို ခေါ်ယူသွားဖို့ ချိန်ရွယ်ထားခဲ့ပေမယ့်လည်း လတ်တလော ရင်ဆိုင်နေရတဲ့ အခြေအနေတွေကနေ နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ ကိစ္စတွေကြောင့် ကစားသမား ခေါ်ယူမှုတွေကိုပါ သက်ရောက်ရနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : Youtube

၂၀၀၉ခုနှစ်ကနေ ၂၀၁၈ခုနှစ်အတွင်း မန်စီးတီးအသင်းက ဘဏ္ဍာရေး ချိုးဖောက်မှုပေါင်း အကြိမ်ရာချီထိ ကျူးလွန်ထားခဲ့တယ်လို့ ပရီးမီးယားလိဂ်ပြိုင်ပွဲဘက်ကနေ စွဲချက်တင်ထားခဲ့တာဖြစ်ပြီး ပြစ်မှု ထင်ရှားခဲ့မယ်ဆိုရင် မန်စီးတီးတို့ ရင်ဆိုင်ရမယ့် ပြစ်ဒဏ်တွေက အသင်းအတွက် အခြေအနေ မကောင်းနိုင်တဲ့ ပြစ်ဒဏ်မျိုးတွေ ဖြစ်လာနိုင်တာကြောင့် ဒီကိစ္စရပ်ကို အသေအချာ ကိုင်တွယ် ဖြေရှင်းသွားဖို့အတွက် အတော်ဆုံး ရှေ့နေတွေကိုပါ ငှားရမ်းထားလျက် ရှိတယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်ထားပါလျက်နဲ့ မန်စီးတီးတို့ ကြီးကြီးမားမား ပြစ်ဒဏ်တွေ ရင်ဆိုင်လာရမယ်ဆိုရင် အသင်းအနေနဲ့ ဘယ်လင်ဟမ်လို ကြယ်ပွင့်ကစားသမားတွေကို ခေါ်ယူဖို့ပါ ခဲယဉ်းသွားနိုင်မှာ ဖြစ်သလို ကန်ဆယ်လိုကို လက်လွတ်ထားခဲ့တာကြောင့် သူ့နေရာမှာ ပြန်လည် အစားထိုးဖို့ကလည်း ခက်ခဲနိုင်ပါတယ်။ စီးတီးဟာ ဘယ်လင်ဟမ်ကို ဒီဘရိုင်းနားနေရာမှာ ရေရှည် အစားထိုးဖို့ သတ်မှတ်ထားတာ ဖြစ်ပေမယ့်လည်း အသင်းရဲ့ လက်ရှိ အခြေအနေတွေအပြင် ဘယ်လင်ဟမ်ကိုလည်း ရီးယဲလ် လီဗာပူးလ်တို့ကပါ အလိုရှိနေတာတွေကြောင့် ခေါ်ယူဖို့ မလွယ်နိုင်တော့ပဲ လက်လျှော့လိုက်ရဖွယ်သာ ရှိနေပါတယ်။