ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်း အတွက် လာမယ့် နွေဈေးကွက်မှာ ကြီးမားတဲ့ အင်အားဖြည့်တင်းမှု တရပ်ကို ပြုလုပ်ဖို့ စီစဉ်ထားပြီး မန်ချက်စတာ ယူနိုက်တက်က စပါးရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို နံပါတ်(၁) ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ရော်ဘင် ဗန်ပါစီနဲ့ ဝိန်းရွန်းနီတို့ကို လက်လွှတ်ခဲ့ရပြီးတဲ့နောက် ကမ္ဘာ့အဆင့် တိုက်စစ်မှူးတွေကို မပိုင်ဆိုင်တော့ပဲ ရိုနယ်ဒိုကို ခေါ်ယူခဲ့သေးပေမယ့် သူ့ရဲ့ အသက်အရွယ်ကြောင့် ရေတို အစားထိုးမှု တရပ်သာ ဖြစ်ခဲ့ရပါတယ်။

Photo Credit: Sports Brief

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ရိုနယ်ဒိုနဲ့ လမ်းခွဲခဲ့ပြီးနောက် အသင်းရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ အတွက်သာ အာရုံစိုက်လာခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ဟာ ယခု ဆောင်းဈေးကွက် အတွင်းမှာလည်း အသင်းရဲ့ တိုက်စစ်အတွက် တိုက်စစ်မှူးသစ် တဦးကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်က ဆောင်းဈေးကွက် အတွင်းမှာ ငွေကြေးများစွာ သုံးစွဲဖို့ ဆန္ဒမရှိတာကြောင့် ရေတိုအတွက် အသုံးဝင်မယ့် တိုက်စစ်မှူး တဦးကိုသာ ခေါ်ယူသွားမှာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာတော့ သူတို့ရဲ့ တိုက်စစ်ပိုင်း အတွက် ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦးကို မဖြစ်မနေ ခေါ်ယူဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Sports Brief

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က နွေဈေးကွက်မှာ တိုက်စစ်မှူးသစ် တဦးကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတရပ်နဲ့ ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး လက်ရှိမှာ ယူနိုက်တက်က စပါးတိုက်စစ်မှူး ဟယ်ရီကိန်း ၊ နာပိုလီ တိုက်စစ်မှူး အိုဆီမန်နဲ့ အခြား တိုက်စစ်မှူးတွေကို ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားပေမယ့် ဟယ်ရီကိန်းကသာ သူတို့ရဲ့ နံပါတ်(၁) ပစ်မှတ် ဖြစ်ကြောင်း သိရပါတယ်။

အသက် ၂၉နှစ် အရွယ် ဟယ်ရီကိန်းက အင်္ဂလန်ရဲ့ အကောင်းဆုံး တိုက်စစ်မှူး ဖြစ်သလို လက်ရှိ ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူး ၅ဦး စာရင်းထဲ ပါဝင်နေသူလည်း ဖြစ်ပြီး ဟယ်ရီကိန်းက စပါးနဲ့အတူ ဆုဖလား အောင်မြင်မှုတွေ မရခဲ့တာကြောင့် လာမယ့် နွေဈေးကွက်မှာ စပါးကို စွန့်ခွာဖို့ စဉ်းစားနေကာ မန်ချက်စတာ ယူနိုက်တက်က ဟယ်ရီကိန်းကို ခေါ်နိုင်ဖို့ အတွက် ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်နဲ့ အဓိက ပြိုင်ဆိုင်ရဖို့ ရှိနေပါတယ်။