ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ နယ်သာလန် ကွင်းလယ်ကစားသမားဖြစ်သူ ဖရန်ကီဒီဂျောင်ကို မန်ချက်စတာယူနိုက်တက်အသင်းဆီ ရောင်းချသွားဖို့အတွက် ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းရားကိုပါ အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် တောင်းဆိုခဲ့တယ်လို့ သတင်းထွက်လာခဲ့ပြီး ဒီကမ်းလှမ်းချက်ကိုတော့ ယူနိုက်တက်ဘက်က ပယ်ချခဲ့ပြီး ငွေသားသီးသန်းနဲ့သာ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။

Barcelona wanted to bring Maguire to the Nou Camp this summer

Photo Credit : The Sun

ယူနိုက်တက်ရဲ့ နောက်ခံလူ အသင်းခေါင်းဆောင် မက်ဂွိုင်းရားဟာ သူရဲ့ခံစစ်စွမ်းဆောင်ရည် ဆိုးရွှားမှုတွေကြောင့် လှောင်ပြောင်မှုတွေနဲ့ မကြာခဏ ရင်ဆိုင်နေရသူ ဖြစ်ပေမယ့်လည်း ကတ်တလန်ကလပ်ကတော့ ဒီဂျောင်ရဲ့ အပြောင်းအရွှေ့အတွက် မက်ဂွိုင်းရားကို အလိုက်ပေးစေချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်နည်းပြသစ် အဲရစ်တန်ဟက်ဂ်ကတော့ မက်ဂွိုင်းရားကို အသင်းကနေ စွန့်လွတ်သွားဖို့ ဆန္ဒမရှိတဲ့အပြင် မက်ဂွိုင်းရားနဲ့လည်း အလုပ်တွဲလုပ်ဖို့ ဆန္ဒရှိနေတဲ့အတွက် ဘာစီလိုနာရဲ့ တောင်းဆိုချက်ကို ငြင်းဆန်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

Man Utd are keen to sign Barcelona midfielder De Jong

Photo Credit : The Sun

ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ အဓိကပစ်မှတ် ဒီဂျောင်အတွက် အသင်းခေါင်းဆောင် မက်ဂွိုင်းရားပါ အလိုက်ပေး ကမ်းလှမ်းဖို့ထက် ပြောင်းရွှေ့ကြေးချည်းပဲ ပေါင်(၆၉)သန်းနဲ့ ကမ်းလှမ်းလာခဲ့ရာ ဘာစီလိုနာဘက်က သဘောတူလက်ခံခဲ့တာကြောင့် အခုဆိုရင် အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့အတွက် ကစားသမားနဲ့ သဘောတူညီမှု ရရှိဖို့သာ လိုအပ်ပါတော့တယ်။ ဒီဂျောင်ကိုယ်တိုင်ကတော့ ဘာစီလိုနာအသင်းမှာသာ ဆက်လက်ရှိနေချင်ပေမယ့် အသင်းဘက်က သူ့ကို ရောင်းချသွားဖို့ ဆက်တိုက်စီစဉ်နေသလို ယူနိုက်တက်ကို ပြောင်းရွှေ့လာမယ်ဆိုရင် ချန်ပီယံလိဂ် မကစားရပေမယ့်လည်း ဆရာဟောင်း တန်ဟက်ဂ်နဲ့ရော အေဂျက်စ်အသင်းဖော်ဟောင်း ဗန်ဒယ်ဘိခ်နဲ့ပါ ပြန်လည်ပူးပေါင်းရမယ့် အခြေအနေမျိုး ရှိနေတာကြောင့် ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ လက်ခံလာဖွယ် ရှိနေပါတယ်။ ယူနိုက်တက်ဘက်ကလည်း ဒီဂျောင်ကို အသင်းဆီ အရခေါ်ယူနိုင်မှသာ နောက်ထပ် အပြောင်းအရွှေ့တွေကို စတင်လုပ်ဆောင်နိုင်မှာဖြစ်လို့ ဒီဂျောင် အပြောင်းအရွှေ့ ခပ်မြန်မြန် အပြီးသတ်နိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေပါတယ်။ ဒီဂျောင်ကို ခေါ်ယူနိုင်ပြီးရင်တော့ ယူနိုက်တက်အသင်းဟာ ခံစစ်ပိုင်းအတွက် ကစားသမား ခေါ်ယူမှုတွေ လုပ်ဆောင်လာဖွယ် ရှိနေပြီး လက်ရှိမှာတော့ အေဂျက်စ် ခံစစ်မှူးတွေဖြစ်တဲ့ တင်ဘာနဲ့ မာတီနက်ဇ်တို့ကို အလိုရှိနေပါတယ်။