မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသက်လက်တီကို မက်ဒရစ်အသင်းရဲ့ ပြင်သစ် တိုက်စစ်ကစားသမား အန်ထရန် ဂရီးဇ်မန်းကို ခေါ်ယူဖို့အတွက် လက်ရှိ ဂရီးဇ်မန်း အသက်လက်တီကိုမှာ ရရှိနေတဲ့ တစ်ပတ်လုပ်ခထက် (၃)ဆထိ တိုးပေးပြီး ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဂရီးဇ်မန်းကို အကြိမ်ကြိမ် ပစ်မှတ်ထား ကြိုးပမ်းခဲ့ဖူးသလို ဂရီးဇ်မန်းဟာ ယူနိုက်တက် ကစားသမား ဖြစ်လာဖို့လည်း နီးစပ်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက် နဲ့ ဂရီးဇ်မန်းတို့ရဲ့ အပြောင်းအရွှေ့က နီးစပ်မှုတွေ ရှိခဲ့ရင်းကနေပဲ အကြိမ်ကြိမ် လွဲချော်ခဲ့ရပါတယ်။

Photo Credit : Eurosport

ဒါပေမယ့် ယူနိုက်တက်ကတော့ အခုအချိန်ထိ ဂရီးဇ်မန်းကို ခေါ်ယူနိုင်ဖို့ လက်မလျှော့သေးပဲ ဆက်လက် ကြိုးပမ်းလျက် ရှိနေသေးပြီး လက်ရှိမှာ ဂရီးဇ်မန်းရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာလည်း ယူရို (၂၅)သန်းသာ ရှိနေတာဖြစ်လို့ ဒါက ယူနိုက်တက်အတွက် ပိုပြီး ကြိုးပမ်းချင်စရာ ဖြစ်လာရပါတယ်။

စပိန် အခြေစိုက် El Nacional သတင်းမီဒီယာကနေ ဖော်ပြလာချက်အရတော့ ယူနိုက်တက်က ပြင်သစ် ဝါရင့် ကစားသမား ဂရီးဇ်မန်းကို လက်ရှိ တစ်ပတ်လုပ်ခထက် (၃)ဆလောက်အထိ တိုးပေးပြီး ကမ်းလှမ်းဖို့ ရှိနေပြီး ယူနိုက်တက် တာဝန်ရှိသူတွေကလည်း ဂရီးဇ်မန်း အေးဂျင့်နဲ့ ဆက်သွယ်ဖို့ မက်ဒရစ်မြို့ဆီ ခရီးနှင်နေပြီလို့ပါ သိရပါတယ်။

Photo Credit : Football365

ယူနိုက်တက်အသင်းဟာ ဒီနွေမှာပဲ အသင်းတိုက်စစ်ပိုင်းအတွက် ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့သည့်တိုင် မခေါ်ယူနိုင်ခဲ့တာကြောင့် ဒိန်းမတ် တိုက်စစ်မှူးလေး ဟွိုင်လန်းကိုသာ ခေါ်ယူနိုင်ခဲ့ပြီး ဟွိုင်လန်းက လက်ရှိအသင်းအတွက် ချန်ပီယံလိဂ်မှာ ဂိုးမြူထားသလောက် ပရီးမီးယားလိဂ်မှာတော့ တစ်ဂိုးမှ မသွင်းယူနိုင်တဲ့အထိ ရုန်းကန်နေရပါတယ်။

ပိုဆိုးတာကတော့ မနှစ်က ဂိုး (၃၀)အထိ သွင်းယူထားနိုင်ခဲ့တဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ်ပါ ဂိုးပေါက်ပျောက်လာခဲ့ပြီး မာစီယဲလ် အန်တိုုနီ ဂါနာချိုတို့ကလည်း အသင်းအတွက် ဂိုးသွင်းယူနိုင်ဖို့ အတော်လေး ရုန်းကန်နေရတာကြောင့် အခုလို ဂရီးဇ်မန်းကို တစ်ကျော့ပြန် ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။