မန်ချက်စတာယူနိုက်တက်အသင်းက ပြီးခဲ့တဲ့နွေတုန်းက သူတို့ ကြိုးပမ်းထားခဲ့ဖူးတဲ့ ဂျုဗင်တပ်စ် ကွင်းလယ်ကစားသမား အက်ဒရီယန်ရာဘီယော့ကို အခု နွေမှာ ထပ်မံ ကြိုးပမ်းသွားဖို့ ပြင်ဆင်လာခဲ့ပြီး အက်ဒရီယန်ရဲ့ အေးဂျင့်အဖြစ် ဆောင်ရွက်နေတဲ့ အက်ဒရီယန် မိခင်နဲ့ပါ ထပ်ပြီး ဆွေးနွေးနေတယ်လို့ သိရပါတယ်။

Adrien Rabiot 'is keen on Premier League transfer but Man Utd are taking  too long with three other clubs interested' | The US Sun

Photo Credit : The Sun

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နှစ် နွေဈေးကွက်တုန်းက ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ရာဘီယော့ကို ဂျုဗင်တပ်စ်အသင်းကနေ ခေါ်ယူဖို့အတွက် ကစားသမား မိခင်ဖြစ်သူနဲ့ ဆွေးနွေးခဲ့ရာမှာ လစာပိုင်း ညှိနှိုင်းမရမှုကြောင့် အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့ရပါတယ်။ ဒါပေမယ့် လက်ရှိမှာ ဂျုဗင်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးနေပြီဖြစ်တဲ့ ရာဘီယော့ကို ယူနိုက်တက်ဘက်က တစ်ဖန် ပြန်လည် စိတ်ဝင်စားလာခဲ့သလို နည်းပြ အဲရစ်တန်ဟက်ဂ်ကလည်း ရာဘီယော့ရဲ့ အမာခံ fan တစ်ဦး ဖြစ်နေတာကြောင့် ဒီကစားသမားကို ခေါ်ယူပေးဖို့ အသင်းထံ တောင်းဆိုထားမှာ သေချာပါတယ်။

Adrien Rabiot is being pursued by Manchester United for a second time

Photo Credit : The Sun

ဒါကြောင့်လည်း ယူနိုက်တက်ဘက်က ရာဘီယော့ရဲ့ မိခင်နဲ့ ထပ်မံ ဆုံတွေ့ရင်း ပြောဆို ဆွေးနွေးမှုတွေ လုပ်ဆောင်လာခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အသက် (၂၈)နှစ်အရွယ် ကွင်းလယ်လူကို အသက်လက်တီကိုမက်ဒရစ်ကလည်း စိတ်ဝင်စားလျက် ရှိနေပြီး သူရဲ့လက်ရှိကလပ် ဂျုဗင်တပ်စ်အသင်းကလည်း တစ်နှစ် ထပ်မံ စာချုပ်ချုပ်ဆိုသွားဖို့လည်း ကြိုးပမ်းလျက် ရှိနေပါတယ်။ သေချာတာတော့ ရာဘီအော့ရဲ့ မိခင် နဲ့ အေးဂျင့် ဗီရိုနစ်ချ်အနေနဲ့ သူ့သားအတွက် လုပ်ခလစာ အမြောက်အများကိုသာ ထပ်မံ တောင်းဆိုလာဦးမှာဖြစ်ပြီး ဒါကို ယူနိုက်တက်ရဲ့ ဒါရိုက်တာ ဂျွန်မာတော့ချ်တို့ဘက်ကနေ ဘယ်လိုတွေ အဆင်ပြေအောင် လုပ်ဆောင်သွားနိုင်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။

တစ်ဖက်မှာတော့ ယူနိုက်တက်က ချယ်လ်ဆီးရဲ့ အင်္ဂလန် ကွင်းလယ်လူ မေဆန်မောင့်ကို ခေါ်ယူနိုင်ဖို့အတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှုကို ထပ်မံ လုပ်ဆောင်ထားခဲ့ပေမယ့်လည်း ချယ်လ်ဆီးကတော့ အဲ့ဒီ ကမ်းလှမ်းမှုကိုပါ ထပ်ပြီး ပယ်ချထားခဲ့ပါတယ်။