မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် အပြောင်းအရွှေ့ ဈေးကွက်တွေအတွင်းမှာ အသင်းရဲ့ ညာခြမ်းခံစစ်နေရာအတွက် ကစားသမားသစ် ခေါ်ယူအားဖြည့်သွားဖို့ ရှိနေရာ လက်ရှိမှာတော့ မိုနာကိုအသင်းရဲ့ ညာနောက်ခံကစားသမား ဗန်ဒါဆင်ကို စိတ်ဝင်စားလျက် ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။၏

Photo Credit : AS Monaco

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က သူရဲ့ ယူနိုက်တက်နည်းပြဘဝ ပထမဆုံး ဈေးကွက်အတွင်းမှာပဲ နောက်ခံကစားသမားတွေဖြစ်တဲ့ လီဆန်ဒရိုမာတီနက်ဇ်နဲ့ တိုင်လာမာလာစီယာတို့ကို ခေါ်ယူထားခဲ့ပေမယ့်လည်း ညာခြမ်းခံစစ်နေရာအတွက် နောက်ထပ် ကစားသမားတစ်ဦးကို ထပ်မံ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ဒီနေရာအတွက် နွေဈေးကွက်တုန်းက အိုင်းယတ်စ် ကစားသမားဟောင်း ဆာဂျီညိုဒက်စ်ကို ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် လာမယ့် ဈေးကွက်တွေအတွင်း နောက်ထပ် ညာနောက်ခံလူတစ်ဦးကို ခေါ်ယူသွားဖို့ ချိန်ရွယ်လာခဲ့ပြီး ဘရာဇီးလ် right-back ဗန်ဒါဆင်ကို ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : TEAMtalk

အသက်(၂၁)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဘရာဇီးလ် ညာနောက်ခံကစားသမား ဗန်ဒါဆင်ဟာ ဘရာဇီးလ်ကလပ် ဂရီမဲရိုးအသင်းကနေ အခုနှစ် ဇန်နဝါရီလကမှ မိုနာကိုအသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို(၁၁)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ အသင်းကို ရောက်လာချင်းမှာပဲ အထင်ကြီးလောက်စရာ ခြေစွမ်းကောင်းတွေ ပြသလာနိုင်တဲ့ ဗန်ဒါဆင်ကို မိုနာကိုက အလျင်အမြန် စာချုပ်သက်တမ်းကို အလျင်အမြန် သက်တမ်းတိုးပြီး သူတို့ကစားသမားရဲ့ တန်ကြေးကိုပါ ပေါင်(၅၂)သန်းအထိ သတ်မှတ်လိုက်ပါတယ်။ လက်ရှိမှာတော့ ဒီကစားသမားလေးကို တန်ဟက်ဂ်ရဲ့ ယူနိုက်တက်အပြင် ဘာစီလိုနာအသင်းကလည်း စိတ်ဝင်စားလို့နေပါတယ်။ ဒါပေမယ့် ဗန်ဒါဆင်ကို ယူနိုက်တက်ဘက်က အသေအချာ ပစ်မှတ်ထားနေတာဖြစ်ပြီး ယူနိုက်တက်မှာကလည်း ဗန်ဒါဆင်နဲ့ တစ်နိုင်ငံတည်းသားတွေဖြစ်တဲ့ ကက်စီမီရို အန်တိုနီ ဖရက်ဒ်တို့လည်း ရှိနေတာဖြစ်လို့ ယူနိုက်တက်ဘက်ကသာ ဗန်ဒါဆင်ကို ခေါ်ယူနိုင်ဖို့ လုပ်ဆောင်လာမယ်ဆိုရင် ကစားသမားကိုယ်တိုင်လည်း ယူနိုက်တက်ကို ရွေးချယ်လာဖွယ် ရှိနိုင်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ကလည်း အသင်းရဲ့ ညာနောက်ခံလူတွေထဲကမှ ဒါလော့ကိုသာ အသင်းမှာ ချန်ထားပြီး ဝမ်ဘစ်ဆာခါကိုတော့ လာမယ့် ဈေးကွက်ထဲမှာပဲ ရောင်းချခြင်း ဒါမှမဟုတ် အငှားချခြင်းတွေ ပြုလုပ်သွားဖွယ် ရှိနေပါတယ်။