မန်ချက်စတာယူနိုက်တက်အသင်းက မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းနဲ့ ကြားမှာရှိတဲ့ Gap ကို ကျဉ်းမြောင်းသွားစေဖို့အတွက် ဟာရီကိန်း တစ်ဦးတည်းသာမကဲ ကစားသမား အင်အား ဖြည့်တင်းမှုတွေ ပိုမို လုပ်ဆောင်ဖို့သင့်တယ်လို့ ဘောလုံးသမားဟောင်းကြီး ဒန်နီမာဖီက ထောက်ပြ ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းက နည်းပြ အဲရစ်တန်ဟက်ဂ် လက်အောက်မှာ ချန်ပီယံလိဂ်ဝင်ခွင့် နဲ့ ခါရာဘောင် လိဂ်ဖလားတို့ကို ပိုင်ဆိုင်ခဲ့ပေမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာတော့ မြို့ခံ မန်စီးတီးအသင်းနဲ့ ယူနိုက်တက်အသင်းတို့ကြား ကွာဟချက်တွေကို ပိုမို မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ယူနိုက်တက်အနေနဲ့ စပါးအသင်းရဲ့ တိုက်စစ်ကစားသမား ဟာရီကိန်း ခေါ်ယူနိုင်လိုက်ရုံနဲ့တင် လုံလောက်သွားမှာ မဟုတ်ပဲ နောက်ထပ် ကစားသမား အနည်းငယ်လောက်ကိုပါ ခေါ်ယူသွားရနိုင်တယ်လို့ မာဖီက အကြံပြု တိုက်တွန်းသွားခဲ့ပါတယ်။

Manchester United were swept aside by rivals City during Saturday's 2-1 FA Cup final defeat

Photo Credit : Daily Mail

ဖာမီက ယူနိုက်တက်အနေနဲ့ ဂိုးသမားသစ်တစ်ယောက်ကိုလည်း မဖြစ်မနေ ခေါ်ယူသွားဖို့ လိုအပ်နေပြီး တန်ဟက်ဂ်က အသင်းကို ဘောလုံး ပိုင်ဆိုင်မှု အသာစီး ရယူနိုင်တဲ့ အသင်းတစ်သင်းအဖြစ် ပြောင်းလဲမယ်ဆိုရင် မန်စီးတီးလိုမျိုး ဂိုးသမားနှစ်ဦးလုံးကို ယုံယုံကြည်ကြည် နေရာပေးနိုင်ဖို့အတွက် ဂိုးသမားတစ်ဦး လိုအပ်လိမ့်မယ်လို့ ထောက်ပြခဲ့ပါတယ်။ မာဖီလိုပဲ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းကလည်း သူ့အသင်းအနေနဲ့ ဂိုးသမားတစ်ယောက် ခေါ်ယူရမယ်လို့ ထပ်မံ တိုက်တွန်းသွားခဲ့ပါသေးတယ်။

The Red Devils will need more than just a new striker to help them catch their city rivals

Photo Credit : Daily Mail

ဆက်လက်ပြီး မာဖီက ယူနိုက်တက် ကွင်းလယ်မှာ ကက်စီမဲရိုးကို အကူအညီပေးနိုင်မယ့် ကစားသမား ဝက်စ်ဟမ်းက ဒက်ကလန်ရိုက်စ်လို ကွင်းလယ် ကစားသမားမျိုးကိုလည်း လိုအပ်လိမ့်မယ်လို့ ညွှန်ပြသွားခဲ့သလို ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်လှပြီး ဗာရန်း လီဆန်ဒရိုမာတီနက်ဇ်တို့နဲ့အပြိုင် ဗဟိုနောက်ခံနေရမှာ ပါဝင် ဆော့ကစားနိုင်မယ့် centre-back တစ်ဦးကိုလည်း ခေါ်ယူအားဖြည့်ရလိမ့်မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။