မန်ချက်စတာယူနိုက်တက်အသင်းကတော့ ချယ်လ်ဆီးရဲ့ ကွင်းလယ် ကစားသမား မေဆန်မောင့်ကို အရ ခေါ်ယူနိုင်ဖို့အတွက် အသင်းရဲ့ အသင်းခေါင်းဆောင် နောက်ခံကစားသမား ဟာရီမက်ဂွိုင်းယားကိုပါ အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အလိုက်ပေး ကမ်းလှမ်းသွားချင်နေပါတယ်။

Man United 'could offer captain Harry Maguire to Chelsea as part of a deal  for Mason Mount | Daily Mail Online

Photo Credit : Daily Mail

ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ လစာကိစ္စ အဆင်မပြေ ဖြစ်နေရာကနေ အသင်းပြောင်းဖို့အထိပါ ဖြစ်လာခဲ့ရတဲ့ မေဆန်မောင့်ကို လီဗာပူးလ် အာဆင်နယ် မန်ယူနိုက်တက်တို့က စိတ်ဝင်စားလာခဲ့ပေမယ့် ကစားသမားကိုယ်တိုင်ကတော့ သူ့ကို လစာ များများပေးနိုင်မယ့် ယူနိုက်တက်ဆီကို ပြောင်းရွှေ့လာခဲ့ပါတယ်။ သတင်းတော်တော်များများမှာလည်း မောင့်က ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့အတွက် personal agreed ပါ ရယူထားနိုင်ခဲ့တယ်လို့ ဖော်ပြလာခဲ့ရာ အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေးကိုသာ ဆက်လက် ညှိနှိုင်းရဖို့ပဲ ကျန်ပါတော့တယ်။

Man Utd could offer Harry Maguire as part of sensational transfer package  to snare Chelsea ace Mason Mount

Photo Credit : The Sun

ဒါပေမယ့် ထပ်မံ ထွက်ပေါ်နေတဲ့ သတင်းတွေထဲမှာတော့ ချယ်လ်ဆီးက မောင့်အတွက် ယူရို သန်း(၈၀)လောက်အထိ အလိုရှိနေတယ်လို့ ဖော်ပြလာခဲ့သလို တကယ်တမ်းလည်း ချယ်လ်ဆီးဟာ ဘဏ္ဍာရေး အားကောင်းပြီးသား အသင်းဖြစ်နေပေမယ့် FFP စည်းမျဉ်းနဲ့ အဆင်ပြေနိုင်စေဖို့အတွက် ငွေကြေး လိုအပ်ချက် ရှိနေတာကြောင့် မောင့်လို အသက်(၂၀)ကျော်လောက်သာ ရှိသေးတဲ့ ကစားသမားအတွက် အခုလို တောင်းဆိုလာနိုင်တာ ဖြစ်ပါတယ်။

Chelsea transfer news LIVE: Maguire could join as part of Mount to Man  United deal, Atalanta forward targeted, Kovacic in talks with Man City,  Colwill bid rejected | talkSPORT

Photo Credit : talkSPORT

ယူနိုက်တက်က ချယ်လ်ဆီး အလိုရှိနေတဲ့ သန်း(၈၀)လုံးနဲ့ ကမ်းလှမ်းသွားဖို့ ဆန္ဒမရှိပဲ ပြောင်းရွှေ့ကြေး တချို့နဲ့ မက်ဂွိုင်းယားကိုပါ အလိုက်ပေး ကမ်းလှမ်းသွားချင်နေပါတယ်။ ဒီလို ကမ်းလှမ်းလာမှုကို ချယ်လ်ဆီးဘက်က လက်ခံသွားဖို့ အခြေအနေနည်းပေမယ့် မောင့်ကိုယ်တိုင်က ချယ်လ်ဆီးကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ချင်နေတာမို့ အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့အတွက် ချယ်လ်ဆီးကို ဖိအားပေးဖွယ် ရှိနေပြီး ယူနိုက်တက်ကလည်း မောင့်ကို မရရင် ဒက်ကလန်ရိုက်စ်ဘက်ကို ပစ်မှတ်ထားလာနိုင်ပါတယ်။