အထောင် တိုက်စစ်နေရာအတွက် ကစားသမားသစ်တစ်ဦး မဖြစ်မနေ လိုအပ်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိမှာ အထောင်တိုက်စစ်မှူး ခေါ်ယူနိုင်ဖို့ကလည်း ခက်ခဲနေရတာကြောင့် အခုဆိုရင် အက်စတွန်ဗီလာရဲ့ တိုက်စစ်ကစားသမား အိုလီဝက်ကင်းစ်အထိပါ ပစ်မှတ်ထားလာခဲ့ရပါတယ်။

Transfer Update On Harry Kane, Victor Osimhen, Marcus Thuram, Goncalo Ramos,  Christopher Nkunku, Jonathan David, Folarin Balogun and Randal Kolo Muani |  Futball News

Photo Credit : Daily Mirror

ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ လက်တွဲဖြုတ်ပြီးကတည်းက အသင်းအတွက် centre forward ကစားသမားကောင်းတစ်ဦးကို လိုအပ်လာခဲ့တဲ့ ယူနိုက်တက်ဟာ ဟာရီကိန်း ဗစ်တာအိုဆင်မန် ဂွန်ဆာလိုရာမို့စ် ကိုလိုမူအာနီတို့ကို တောက်လျှောက် ပစ်မှတ်ထားခဲ့ပေမယ့်လည်း ဒီကစားသမားတွေအတွက် သက်ဆိုင်ရာ ကလပ်အသင်းတွေရဲ့ တန်ကြေး သတ်မှတ်မှုတွေက အနိမ့်ဆုံး ပေါင် သန်း(၁၀၀)အထိ ရှိနေတာက အသုံးစရိတ် အများအပြား မရထားတဲ့ ယူနိုက်တက်အတွက် ခေါင်းခဲစရာ ဖြစ်နေရပါတယ်။

Photo Credit : Marca

ဒီအချိန်မှာ အတ္တလန်တာရဲ့ ဒိန်းမတ် တ်ိုက်စစ်မှူးလေး ဟွိုက်လန်းကို ခေါ်ယူဖို့ ယူနိုက်တက်ဘက်က အသေအချာ ကြိုးပမ်းလာခဲ့ရာမှာလည်း အတ္တလန်တာက သူတို့ ကစားသမားလေးအတွက် ပြောင်းရွှေ့ကြေးကို မတန်မရာတွေ ဈေးခေါ်လာခဲ့ပြန်တာကြောင့် ယူနိုက်တက်တို့ ထပ်မံ တိုင်ပတ်သွားခဲ့ရပါတယ်။ ဒါကြောင့် ယူနိုက်တက်က ပရီးမီးယားလိဂ်ရဲ့ အင်္ဂလန် တိုက်စစ်မှူး ဝက်ကင်းစ်ဘက်ကို အာရုံစိုက်လာခဲ့တယ်လို့ နာမည်ကျော် ဗြိတိန် သတင်းမီဒီယာ The Athletic က ဖော်ပြလာခဲ့ပါတယ်။

Man Utd 'consider shock transfer move for England star' as cut-price  alternative to Harry Kane and Victor Osimhen | The US Sun

Photo Credit : The Sun

လက်ရှိ အခြေအနေအရတော့ ယူနိုက်တက်က ချယ်လ်ဆီး ကွင်းလယ်လူ မေဆန်မောင့်အတွက်ကိုသာ ဦးစားပေး ကြိုးပမ်းလို့နေပြီး ချယ်လ်ဆီး လိုချင်နေတဲ့ ပေါင် သန်း(၇၀)အထိ ကမ်းလှမ်းလာဖို့ မရှိသေးပေမယ့်လည်း ပေါင် သန်း(၅၀)ဝန်းကျင်လောက်နဲ့ ကမ်းလှမ်းမှု ထပ်မံ လုပ်ဆောင်သွားဖွယ် ရှိနေကာ ဒီရက်ပိုင်းအတွင်းမှာပဲ ကမ်းလှမ်းနိုင်ပါတယ်။ တိုက်စစ်ပိုင်းအတွက်တော့ ဟွိုက်လန်း နဲ့ ဝက်ကင်းစ်တို့ထဲက တစ်ဦးဦးကို အရ ကြိုးပမ်းသွားဖို့လည်း ရှိနေသေးပြီး တိုက်စစ်မှူးတစ်ဦးဦးကိုတော့ မဖြစ်မနေ ခေါ်ယူဖို့ ရှိနေပါတယ်။