ကဲ ဒီနေ့ညမှာတော့ ပရိသတ်တွေကို ရင်ခုန် စိတ်လှုပ်ရှားစေမယ့် အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ယနေ့ညမှာ ပြန်လည် စတင်တော့မှာပဲ ဖြစ်ပါတယ်။ ဒီနေ့ညရဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲက မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ရဲ့ ပွဲကြီးပွဲကောင်း ဖြစ်တာကြောင့် ပရိသတ်တွေ အတွက် စနေနေ့ညဟာ ပျော်စရာကောင်းတဲ့ ညတည ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့ MYSPORT MYANMARရဲ့ ဝိုင်းတော်သားတွေက ပရိသတ်တွေ အတွက် ထုံးစံအတိုင်း ပွဲကြို သုံးသပ်မှုတွေကို လုပ်ပေးသွားချင်ပါတယ်။ ကဲ စလိုက်ရအောင်ဗျာ…။

Photo Credit: Goal

မန်ချက်စတာ စီးတီးနဲ့ လီဗာပူး (စနေနေ့ည ၆နာရီ)

မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့က ကိုယ်စီ ကိုယ်စီ ရည်မှန်းချက်တွေနဲ့ ဒီပွဲဆီ ချီတက်လာကြမှာပါ။ မန်ချက်စတာ စီးတီးက အာဆင်နယ်နဲ့ လုနေရတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် လီဗာပူးကို အနိုင် ကန်ချင်နေသလို လီဗာပူးကလည်း ချန်ပီယံလိဂ်ဝင်ခွင့် ရအောင် မန်ချက်စတာ စီးတီးဆီ ကနေ ရမှတ်တွေ ခွဲယူဖို့ ကြိုးစားလာပါလိမ့်မယ်။

မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ရဲ့ နောက်ဆုံး တွေ့ဆုံမှုတွေမှာ ဧည့်သည် လီဗာပူးက မန်ချက်စတာ စီးတီးကို အနည်းငယ် အသာစီး ရထားပေမယ့် လီဗာပူးတို့ဟာ အဝေးကွင်းမှာ မန်ချက်စတာ စီးတီးကို အနိုင်ယူဖို့ ခက်တဲ့ အချက်ကို သတိထားရပါမယ်။ လက်ရှိ ခြေစွမ်းပိုင်းအရ မန်ချက်စတာ စီးတီးက လီဗာပူးထက် အနည်းငယ် အသာစီး ရနေသလို လီဗာပူးရဲ့ အဝေးကွင်းခြေကလည်း ယုံကြည်လို့ မရပါဘူး။

ဒါပေမယ့် ပွဲကြီးတွေဆိုရင် လီဗာပူးက ရုန်းကန် ကစားတတ်တာကိုတော့ ထည့်တွေးရပါမယ်။ ဒါကြောင့် ဒီပွဲက သရေရလဒ်ဘက်ကို ဦးတည်ဖို့ များနေပြီး အနိုင်ဆိုရင်တော့ မန်ချက်စတာ စီးတီးကို ကြိုက်ပါတယ်။

ခန့်မှန်းရလဒ် – မန်ချက်စတာ စီးတီး ၂-၁ လီဗာပူး

Photo Credit: Bet Central

ချယ်လ်ဆီးနဲ့ ဗီလာ (စနေနေ့ည ၁၁နာရီ)

ချယ်လ်ဆီးနဲ့ ဗီလာတို့က အမှတ်ပေးဇယားမှာ ရှေ့ဆင့်နောက်ဆင့် ဖြစ်နေကြတဲ့ အသင်းတွေပါ။ ချယ်လ်ဆီးက ဗီလာထက် တဆင့် ပိုသာနေပေမယ့် ရမှတ်တွေကတော့ အတူတူပါပဲ။ ဒါကြောင့် ဒီပွဲမှာ အနိုင်ရတဲ့အသင်းက ရှုံးနိမ့်တဲ့အသင်းကို နောက်ကောက်ချနိုင်မှာပဲ ဖြစ်ပါတယ်။

ဒီရာသီမှာ ချယ်လ်ဆီးက ရလဒ်ပိုင်း တည်ငြိမ်မှု အားနည်းနေပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း ၃ပွဲဆက် ရှုံးပွဲ မရှိသေးသလို ဒေါ့မွန်လို အသင်းကိုတောင် ၂ဂိုးပြတ်နဲ့ နိုင်ထားပါတယ်။ ဗီလာကတော့ ခြေရည်တူ အသင်းတွေနဲ့ ကစားရရင် ရလဒ်ကောင်းတတ်ပေမယ့် အသင်းကြီးတွေနဲ့ ကစားခဲ့ရတဲ့ နောက်ဆုံး ၂ပွဲဆက် ရှုံးနိမ့်ထားပါတယ်။ ဒါကြောင့် ဒီပွဲမှာ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် ရုန်းကန် ကစားမယ့် ချယ်လ်ဆီးကပဲ အနိုင်ရလဒ်ကို ရယူသွားနိုင်မယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – ချယ်လ်ဆီး ၂-၁ ဗီလာ

Photo Credit: Sky Sports

အခြားပွဲများအတွက် ခန့်မှန်းရလဒ်များ

ဘုန်းမောက် ၁-၁ ဖူလ်ဟမ်

အာဆင်နယ် ၃-၁ လိဒ်ယူနိုက်တက်

ဘရိုက်တန် ၂-၁ ဘရန့်ဖို့ဒ်

ပဲလေ့စ် ၁-၂ လက်စတာ

နော်တင်ဟမ် ၁-၁ ဝုလ်ဗ်