ယခုနှစ် ဘောလုံးရာသီ အစကမှ နယ်သာလန် နာမည်ကြီးကလပ် ဖီယင်နု ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာခဲ့တဲ့ မာလာစီယာက သူ့ရဲ့ အသင်းဖော်ဟောင်း တဦး ဖြစ်သလို ဖီယင်နုရဲ့ အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ ကွတ်ချူး တယောက် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းလာအောင် စည်းရုံးမှုတွေ ပြုလုပ်နေကြောင်း နယ်သာလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၂နှစ် အရွယ် တူရီကီ လက်ရွေးစင် ကွင်းလယ်လူ ကွတ်ချူးက ဖီယင်နုရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူ ကစားနေသူ ဖြစ်ပြီး ကွတ်ချူးက ဖီယင်နုရဲ့ မရှိမဖြစ် ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သလို သူဟာ ယခုနှစ် ဘောလုံးရာသီမှာ ဖီယင်နု အတွက် ပြိုင်ပွဲစုံမှာ ၃၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၂ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: The Sun

ကွတ်ချူးက ဗဟိုကွင်းလယ် ၊ ကွင်းလယ်တိုက်စစ်နဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်သလို အသင်းအပေါ် လွှမ်းမိုးနိုင်စွမ်း မြင့်မားပြီး သူ့ရဲ့ ခေါင်းဆောင်မှုတွေကြောင့်ပဲ ဖီယင်နုဟာ ယခုနှစ် ဘောလုံးရာသီမှာ နယ်သာလန်ရဲ့ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ဖို့ နီးစပ်နေပါတယ်။

ကွတ်ချူးက ဖီယင်နုရဲ့ ကွင်းလယ်ကို အကောင်းဆုံး ဦးဆောင်ပြနေမှုကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပရဲ့ နာမည်ကြီး ကလပ်တွေက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြပြီး နယ်သာလန်လူမျိုး ထိပ်သီးနည်းပြ တန်ဟက်ဂ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်ကတော့ ကွတ်ချူးကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံး အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

နယ်သာလန် အခြေစိုက် နာမည်ကြီး သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေ အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ကွတ်ချူးကို ခေါ်ယူဖို့ သူ့ရဲ့ အေးဂျင့်ထံ ဆက်သွယ်မှုတွေ လုပ်ထားသလို ယူနိုက်တက်နည်းပြ တန်ဟက်ဂ် ကိုယ်တိုင် ကွတ်ချူးဆီ ဆက်သွယ်ကာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းလာဖို့ စည်းရုံးနေကြောင်း သိရပါတယ်။

ဒါ့အပြင် ကွတ်ချူးရဲ့ အသင်းဖော်ဟောင်း တဦး ဖြစ်သလို မန်ချက်စတာ ယူနိုက်တက်မှာ ပုံမှန် ကစားခွင့် ရနေတဲ့ မာလာစီယာကလည်း ကွတ်ချူးထံ ဆက်သွယ်ကာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းလာဖို့ စည်းရုံးမှုတွေ ပြုလုပ်နေပြီး ကွတ်ချူးကလည်း ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ ကစားချင်စိတ် ရှိနေပါတယ်။