ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်က ချယ်လ်ဆီး လူငယ်ကြယ်ပွင့် မတ်ဆန်ကို ရာသီဝက်အငှားနဲ့ ခေါ်ယူဖို့ အတွက် နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ကြောင်း နာမည်ကြီး သတင်းထောက်ဖြစ်သူ ပလက်တန်ဘက်ခ်က အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ဒေါ့မွန်က လက်ကျန် ရာသီဝက်ကာလမှာ ရလဒ်ကောင်းတွေ ရယူဖို့ အတွက် ယခု ဆောင်းဈေးကွက် အတွင်းမှာ တောင်ပံတိုက်စစ် ကစားသမား တဦးနဲ့ ဘယ်နောက်ခံလူ တဦးတို့ကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Bein Sports

ဒေါ့မွန်က တောင်ပံတိုက်စစ်နေရာ အတွက် သူတို့ရဲ့ ကစားသမားဟောင်း ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့ အတွက် မန်ချက်စတာ ယူနိုက်တက်နဲ့ တရားဝင် ဆွေးနွေးမှုတွေ လုပ်နေသလို ဘယ်နောက်ခံံံံနေရာ အတွက် မတ်ဆန်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေလည်း လုပ်ထားပါတယ်။

နာမည်ကြီး သတင်းထောက်ဖြစ်သူ ပလက်တန်ဘက်ခ်ရဲ့ ဖော်ပြချက်အရ ဒေါ့မွန်က မတ်ဆန်ကို ၆လအငှားစာချုပ်နဲ့ ခေါ်ယူဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီး နှစ်သင်းကြားမှာ အပြီးသတ် ဆွေးနွေးမှုတွေ လုပ်ဖို့သာ ကျန်တော့ကြောင်း သိရပါတယ်။

Photo Credit: Tribuna

မတ်ဆန်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘန်လေဆီ သွားရောက် ကစားရင်း ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူ ဖြစ်ပြီး ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုကတော့ သူ့ရဲ့ ခြေစွမ်းကို နှစ်ခြိုက်ခြင်း မရှိပါဘူး။

ဒေါ့မွန်က မတ်ဆန်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပေမယ့် ယူနိုက်တက် တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူရာမှာ အဆင်မပြေမှု တချို့နဲ့ ကြုံနေရပြီး ယူနိုက်တက်က ဆန်ချိုအတွက် အငှားကြေး ယူရို ၆သန်း အထိ တောင်းဆိုနေကာ ဒေါ့မွန်််််ကတော့ ဆန်ချိုအတွက် အငှားကြေး ယူရို ၄သန်းခန့်သာ ပေးချေချင်နေပါတယ်။