ချယ်လ်ဆီးအသင်းရဲ့ ပစ်မှတ်ကစားသမားဖြစ်တဲ့ လိုင်ယွန် ညာနောက်ခံကစားသမား မယ်လိုဂူစတိုက အနည်းဆုံး အခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်အထိ အသင်းမှာ ဆက်လက် ရှိနေမှာ ဖြစ်တယ်လို့ လိုင်ယွန်အသင်းဥက္ကဖြစ်သူက ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Chelsea eye Lyon defender Malo Gusto - Vanguard News

Photo Credit : Vanguard News

အခု ဆောင်းဈေးကွက်အတွင်းမှာ ကစားသမားသစ်တွေ တော်တော်များများ ခေါ်ယူနေတဲ့ ချယ်လ်ဆီးအသင်းဟာ မာဒရစ်ခ် ဂျာအိုဖီးလစ် ဒါထရိုဖိုဖာနာ ဘာဒစ်အက်ရှီလီ အန်ဒရီဆန်းတို့စ် မာဒူအက်ခေတို့ကို ခေါ်ယူထားခဲ့ပြီးတာတောင် ခံစစ်ပိုင်းအတွက် နောက်ခံအစွန်လူ ဂူစတိုကို ပစ်မှတ်ထားလာခဲ့ပါတယ်။ အသက်(၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဂူစတိုဟာ အသက် ငယ်ရွယ်သေးပေမယ့် လိုင်ယွန်ရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်နေရသလို သူ့ကိုလည်း ဥရောပထိပ်သီး ကလပ်အသင်းတွေက စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြပါတယ်။

Photo Credit : Goal

ပြင်သစ် လူငယ်ကစားသမားလေး ဂူစတိုဟာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်ကတည်းက လိုင်ယွန်စီနီယာအသင်းမှာ ပါဝင်လာခဲ့ရသူဖြစ်ပြီး လက်ရှိ အသင်းမှာလည်း အမြဲတမ်း ကစားသမားတစ်ယောက်အဖြစ် ရပ်တည်နေပါတယ်။ သူ့ကို ချယ်လ်ဆီးအသင်းက အခု ဆောင်းဈေးကွက်အတွင်းမှာပဲ အရ ခေါ်ယူသွားဖို့ ချဉ်းကပ်မှုတွေ လုပ်ဆောင်လာခဲ့ပြီး ကနဦး ကမ်းလှမ်းချက်အဖြစ် ယူရိုသန်း(၂၀)နဲ့ ကမ်းလှမ်းထားခဲ့ပေမယ့် လိုင်ယွန်ဘက်က အဲ့ဒီ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါတယ်။ ချယ်လ်ဆီးဘက်က ဂူစတိုအတွက် နောက်ထပ် ကမ်းလှမ်းမှုအဖြစ် ယူရိုသန်း(၃၀)-သန်း(၄၀)လောက်နဲ့ ထပ်မံ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပြီး ကစားသမားကိုယ်တိုင်ကလည်း ချယ်လ်ဆီးကို ပြောင်းရွေ့ဖို့ စိတ်အားထက်သန်နေပေမယ့် လိုင်ယွန်ဘက်က သူတို့ကစားသမားကို အခုဈေးကွက်အတွင်းမှာ အသင်းကနေ မရောင်းချပဲ အနည်းဆုံး အခုရာသီအကုန်အထိ အသင်းမှာပဲ ဆက်လက် ထားရှိသွားမယ်လို့ တုံ့ပြန်လာခဲ့ပါတယ်။ ချယ်လ်ဆီးကလည်း ဈေးကွက်မပိတ်ခင်မှာ နောက်ခံအစွန်လူ တစ်ဦးကို ထပ်မံ ခေါ်ယူသွားချင်နေတာကြောင့် တကယ်လို့ ဂူစတိုကိုသာ မခေါ်ယူနိုင်ခဲ့ရင် စပါးအသင်းနဲ့ သတင်းထွက်နေသူ စပို့တင်းလစ္စဘွန်း နောက်ခံအစွန်လူ ပတ်ဒရိုပေါ်ရိုကိုပါ ကြားဖြတ် ကြိုးပမ်းလာနိုင်ဖွယ်လည်း ရှိနိုင်ပါတယ်။