လာကာဇက် တိုလစ်ဆိုတို့လို အသင်းရဲ့ ကစားသမားဟောင်းတွေကို ပြန်လည် ခေါ်ယူနိုင်ခဲ့တဲ လီဂူးကလပ် လိုင်ယွန်အသင်းက နောက်ထပ် ကစားသမားဟောသင်းကြီးဖြစ်သူ ကာရန်ဘန်ဇီမာကိုလည်း ပြန်လည် ခေါ်ယူနိုင်ဖို့က ဖြစ်နိုင်ခြေ ရှိတယ်လို့ အသင်းဥက္ကဌဖြစ်သူ အာလူးလပ်စ်က ထုတ်ဖော် ပြောကြားထားခဲ့ပါတယ်။

Photo Credit : Goal

ကစားသမားဘဝကို လိုင်ယွန် လူငယ်အကယ်ဒမီကနေ စတင်ခဲ့တဲ့ ပြင်သစ်-အယ်လ်ဂျီးရီးယားနွယ်ဖွား တိုက်စစ်ကစားသမား ဘန်ဇီမာဟာ ၂၀၀၅ခုနှစ်ကနေ ၂၀၀၉ခုနှစ်အထိ လိုင်ယွန်အသင်းမှာ ပါဝင်ကစားခဲ့ရင်း ၂၀၀၉ ဇူလိုင်လမှာ ရီးယဲလ်မက်ဒရစ်အသင်းဆီယူရို(၃၅)သန်းနဲ့ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာ အသက်(၃၅)နှစ်အရွယ်တောင် ရှိနေပြီဖြစ်တဲ့ ဘန်ဇီမာဟာ ရီးယဲလ်နဲ့လည်း စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်လို့ တကယ်လို့ သက်တမ်းသာ မတိုးဖြစ်တော့ဘူးဆိုရင် ဘန်ဇီမာအနေနဲ့ သူရဲ့မွေးရပ်မြေက လိုင်ယွန်အသင်းဆီ ပြန်လာဖို့ဆိုတာ ဖြစ်နိုင်ခြေ ရှိနေရပါတယ်။

Photo Credit : Goal

လိုင်ယွန်ကို စွန့်ခွာပြီး ရီးယဲလ်အသင်းဆီ ရောက်ရှိချိန်မှာ ဆုဖလားများစွာ တစ်ဦးချင်း ဆုတံဆိပ်များစွာ ပိုင်ဆိုင်ခဲ့ရတဲ့ ဘန်ဇီမာက ဒီရာသီမှာတော့ သူရဲ့ကြံခိုင်မှုတွေ အားနည်းလာတာ​ကြောင့် ခြေစွမ်းပိုင်းမှာ သွားပြီး သက်ရောက်နေခဲ့ရတာကြောင့် ရီးယဲလ်အနေနဲ့ လာမယ့်နွေမှာပါ ဘန်ဇီမာနေရာမှာ အစားထိုးနိုင်မယ့် တိုက်စစ်ကစားသမားတွေကို ရှာဖွေလာခဲ့ပါတယ်။ Ballon d’Or ဆုရှင် ဘန်ဇီမာက ရီးယဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ် (၅)ကြိမ် လာလီဂါ (၂)ကြိမ် အပါအဝင် ဆုဖလားပေါင်း (၂၄)ခုအထိ ပိုင်ဆိုင်နိုင်ခဲ့သလို အသင်းရဲ့သမိုင်းတလျှောက် ဒုတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်ပါ ရပ်တည်ထားနိုင်သူလည်း ဖြစ်ပါတယ်။

Photo Credit : AP News

ဒီလို ကစားသမားကြီးက အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ တခြားသော အသင်းတွေထက် သူရဲ့ကလပ်ဟောင်း လိုင်ယွန်ကို ပြန်သွားနိုင်တာကြောင့် ဘန်ဇီမာကို ပြန်လည် ခေါ်ယူဖို့က ဖြစ်နိုင်ခြေ ရှိတယ်လို့ လိုင်ယွန်ဥက္ကဌ ဝန်ခံသွားခဲ့ပါတယ်။ “ဖြစ်နိုင်​ခြေက ဘယ်လောက်ပဲ သေးငယ်နေပါစေ ဖြစ်နိုင်ခြေ ရှိတယ်ဆိုတာတော့ အမှန်ပါပဲ။ ကျွန်တော်တို့ risk ယူပြီး ကြိုးစားသွားမှာပါ။ သူက အသင်းအတွက် symbol တစ်ခုလိုပဲ။ သူ ပြန်လာမယ်လို့လည်း နေ့တိုင်း စိတ်ကူးမိတယ်။ ပြန်ခေါ်နိုင်ဖို့လည်း ကြိုးစားသွားပါမယ်။ ဒါပေမယ့် နည်းနည်းလေးတော့ ရှုပ်ထွေး ခက်ခဲလိမ့်မယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။