မိုနာကို လိုင်လီတို့လို ပြင်သစ်လီဂူး ကလပ်အသင်းတွေမှာ အားကစားဒါရိုက်တာအဖြစ် တာဝန်ယူ ဆောင်ရွှက်ရင်းနဲ့ ဒီအသင်းတွေအတွက် အကျိူးအမြတ် ရှိစေမယ့် ကစားသမား အပြောင်းအရွှေ့ပေါင်းများစွာကို လုပ်ဆောင်ပေးနိုင်ခဲ့သူ လူးဝစ်ကမ်ပို့စ်ဟာ အခုဆိုရင် ပီအက်စ်ဂျီအသင်းရဲ့ ဘောလုံးအကြံပေးရာထူးကို လက်ခံလိုက်ပြီ ဖြစ်သလို ရက်ပိုင်းအတွင်းမှာပဲ ပီအက်စ်ဂျီအတွက် ကစားသမားသစ်တွေကို ဆက်တိုက်ခေါ်ယူပေးနိုင်ဖို့က စတင်ဆောင်ရွှက်နေပြီလို့ သိရပါတယ်။

HOT TAKE | PSG have made a mistake in appointing Luis Campos – Get French  Football News

Photo Credit : Get French Football News

လက်ရှိမှာ မနှစ်က စပို့တင်းလစ္စဘွန်းအသင်းကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ပေါ်တူဂီ ဘယ်နောက်ခံကစားသမားလေး နူနိုမန်ဒက်စ်ကိုသာ အပြီးသတ် ခေါ်ယူထားရသေးတဲ့ ပီအက်စ်ဂျီအသင်းဟာ ကမ်ပို့စ်နဲ့ လက်တွဲပြီးချိန်မှာတော့ အသင်းကို နောက်ထပ် ကစားသမားသစ်တွေ ထမ်မံရောက်ရှိလာဖို့ အခြေအနေကောင်းလာခဲ့ရပါတယ်။ နာမည်ကျော် ဘောလုံးသတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရ ကမ်ပို့စ်ဟာ လိုင်လီအသင်းရဲ့ ပေါ်တူဂီကွင်းလယ်လူ ရီနာတိုဆန်းချက်စ်နဲ့ ပေါ်တိုအသင်းရဲ့ ပေါ်တူဂီကွင်းလယ်လူ ဗီတင်ညာတို့ကို ပီအက်စ်ဂျီအသင်းဆီ ခေါ်ဆောင်သွားနိုင်ဖို့အတွက် အသေအချာကို ကြိုးပမ်းလျက် ရှိနေပါတယ်။

Sportitalia: Renato Sanches one of three midfielders offered to Milan in  talks with Mendes

Photo Credit : Sempreinter

မက်ဆီ နေမာ ဘာပေတို့လို ထိပ်တန်းကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ပီအက်စ်ဂျီအသင်းမှာ ကွင်းလယ်ပိုင်းက သိပ်အားရစရာကောင်းတဲ့ အနေအထားမှာ ရှိမနေသေးတဲ့အတွက် အခုနှစ် နွေဈေးကွက်ထဲမှာ ကွင်းလယ်ပိုင်းအတွက် ပိုမိုအားဖြည့်သွားဖို့ ဟန်ပြင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကမ်ပို့စ်ဟာ အေစီမီလန်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ ရီနာတိုဆန်းချက်စ်ကို ကစားသမားနဲ့ တိုက်ရိုက်ဆက်သွယ်မှုတွေ လုပ်ဆောင်နေပြီး နောက်ထပ် ပေါ်တူဂီ ကွင်းလယ်ကစားသမား ဗီတင်ညာကိုပါ (၅)နှစ်စာချုပ်နဲ့ အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာဖို့ ကြိုးပမ်းနေပါတယ်။ လက်ရှိမှာတော့ ပေါ်တိုကွင်းလယ်လူ ဗီတင်ညာက ဒီနှစ် နွေဈေးကွက်ထဲ ပီအက်စ်ဂျီအသင်းဆီ ပထမဆုံး ရောက်ရှိလာမယ့် ကစားသမားသစ် ဖြစ်လာဖို့ အခြေအနေ များနေရသလို ဆန်းချက်စ်ကိုလည်း မီလန်လက်ထဲကနေ ကြားဖြတ်ခေါ်ယူနိုင်ဖွယ်လည်း ရှိနေပါတယ်။ ဒါ့အပြင် ကနဦး ကမ်းလှမ်းချက် ပယ်ချထားခံရတဲ့ အင်တာနောက်ခံလူ ရှကရီညာကိုလည်း လုံးဝလက်မလျှော့သေးပဲ အရခေါ်ယူနိုင်ဖို့အတွက် အင်တာအသင်းနဲ့ ဆက်လက်ဆွေးနွေးလျက် ရှိနေတယ်လို့ ဖာဘရီဇီယိုက ဖော်ပြထားခဲ့ပါတယ်။