လီဗာပူးလ်အသင်းဟာ ဘရိုက်တန်အသင်းရဲ့ ကမ္ဘာ့ချန်ပီယံ ကွင်းလယ်ကစားသမား မက်အယ်လစ္စတာကို ခေါ်ယူဖို့ သေချာသွားခဲ့ပြီးတဲ့နောက် ကွင်းလယ်ပိုင်းအတွက် မာနူကိုနေး နဲ့ ကီဖရန်သူရမ်တို့ကိုပါ ထပ်မံ ခေါ်ယူသွားဖို့ ကြိုးပမ်းနေပါတယ်။

Image

Photo Credit : Fabrizio Romano

လီဗာပူးလ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကွင်းလယ်ပိုင်း အားနည်းချက်တွေ ရှိခဲ့သလို အသင်းကလည်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ လွဲချော်ခဲ့ရပြီး ယူရိုပါလိဂ်ဝင်ခွင့်သာ ရရှိခဲ့ပါတယ်။ ဒါကြောင့် လီဗာပူးလ်အနေနဲ့ ရာသီသစ်အတွက် နွေဈေးကွက် မတိုင်ခင်မှာပဲ ကွင်းလယ်ပိုင်း အင်အား ဖြည့်တင်းမှုတွေ လုပ်ဆောင်နေတာဖြစ်ပြီး လက်ရှိမှာတော့ ဘရိုက်တန်ရဲ့ အာဂျင်တီးနား ကွင်းလယ်လူ အယ်လစ္စတာကို ခေါ်ယူနိုင်ဖို့က လုံးဝ သေချာနေပြီဖြစ်ပြီး ဒီနေ့မှာပဲ ဆေးစစ်မှုတွေပါ လုပ်ဆောင်လိမ့်မယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြထားပါတယ်။

Photo Credit : Fabrizio Romano

ရိုမာနိုရဲ့ ဆက်လက် ဖော်ပြချက်တွေအရ လီဗာပူးလ်အနေနဲ့ အယ်လစ္စတာကို ခေါ်ယူပြီးသည့်တိုင် ကွင်းလယ် ကစားသမား အားဖြည့်မှုကို ဆက်လက် လုပ်ဆောင်သွားဖို့ ရှိနေပြီး မိုချန်ဂလာဘတ်ရဲ့ ပြင်သစ် ကွင်းလယ်လူ မာနူကိုနေး နဲ့ နိုက်စ်အသင်းရဲ့ ပြင်သစ် ကွင်းလယ်လူ ကီဖရန်သူရမ်တို့ရဲ့ အေးဂျင့်တွေနဲ့ တိုက်ရိုက် ချိတ်ဆက် ဆက်သွယ်ထားတယ်လို့လည်း သိရပါတယ်။ ဒီကစားသမား (၂)ဦးလုံးက အသက်(၂၂)(၂၃)ဝန်းကျင် ပြင်သစ် ကစားသမားလေးတွေဖြစ်ပြီး အယ်လစ္စတာလည်း အသင်းဆီ ရောက်ရှိထားပြီဖြစ်လို့ (၂)ဦးလုံးထဲမှ (၁)ဦးလောက်သာ ခေါ်ယူနိုင်ဖွယ် ရှိပါတယ်။ လက်ရှိ အခြေအနေတွေအရတော့ လီဗာပူးလ်က မာနူကိုနေးကို ပိုမို သဘောကျနေတာဖြစ်လို့ ဒီကစားသမားကို အရ ခေါ်ယူနိုင်ပါတယ်။ လီဗာပူးလ် အသင်းပိုင်ရှင်တွေကလည်း အသင်းရဲ့ အဓိက လိုအပ်ချက်ဖြစ်တဲ့ ကွင်းလယ်နေရာအတွက် အသင်းနည်းပြ ယာဂင်ကလော့ပ် အလိုရှိနေတဲ့ ကစားသမားတွေကို အရ ခေါ်ယူပေးသွားဖို့လည်း ရှိနေပါတယ်။