လီဗာပူးလ်အသင်းဟာ အသင်းရဲ့ အဓိက ကစားသမား မိုဟာမက် ဆာလာကို သက်တမ်းတိုးလို့ ရခဲ့မယ်ဆိုရင် လာမယ့်နွေမှာကဲ တောင်ပံ တိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ လူးဝစ် ဒီယက်ဇ်ကိုတော့ အသင်းကနေ ရောင်းထုတ်သွားဖို့ စီစဉ်နေတယ်လို့ The Sun ကနေ ဖော်ပြလာခဲ့ပါတယ်။

လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ မိုဆာလာ နူးညက်ဇ် ဂက်ပို ဒီယက်ဇ် ဂျိုတာတို့အပြင် ဘန်ဒုတ် ၊ ဂျေဒန်ဒန်းစ် ၊ ကူးမက်စ်တို့လို အရည်အသွေးမြင့် လူငယ် တိုက်စစ်ကစားသမားလေးတွေပါ ရှိနေတဲ့အတွက် ဒီယက်ဇ်ကို ရောင်းထုတ်ဖို့ ပြင်ဆင်လာခဲ့တာလို့ သိရပါတယ်။

Photo Credit : GB News

အသက် (၂၇)နှစ်အရွယ် ကိုလံဘီယာ လက်ရွေးစင် ဘယ်တောင်ပံကစားသမား ဒီယက်ဇ်ဟာ ၂၀၂၂ခုနှစ်ရဲ့ ဆောင်းဈေးကွက်ကမှ ပေါ်တိုကနေ လီဗာပူးလ်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံ (၈၂)ပွဲကစားထားကာ (၂၁)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။

ဒီနှစ်ဘောလုံးရာသီမှာလည်း လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ (၃၅)ပွဲကစား (၁၀)ဂိုးသွင်း (၅)ဂိုးဖန်တီးထားနိုင်ခဲ့တဲ့ ဒီယက်ဇ်က လီဗာပူးလ်နဲ့ ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် လီဗာပူးလ်ကတော့ ၂၀၂၅ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဆာလာကိုသာ သက်တမ်းတိုးသွားချင်နေပြီး ဆာလာကလည်း လီဗာပူးလ်နဲ့ သက်တမ်းတိုးမယ်ဆိုရင် ဒီယက်ဇ်ကို ရောင်းထုတ်သွားချင်နေပါတယ်။

Photo Credit : Get Football News

လီဗာပူးလ်အသင်းရဲ့ ဘယ်တောင်ပံနေရာမှာ ဂျိုတာ ဒီယက်ဇ် ဂက်ပိုတို့ ရှိနေသလို အထောင်တိုက်စစ်မှာ ကစားတဲ့ ဒါဝင် နူးညက်ဇ်ပါ ဘယ်တောင်ပံမှာလည်း ကစားတက်သေးတာမို့ Left-winger တွေများနေတဲ့ တိုက်စစ်ပိုင်းအတွက် ဒီယက်ဇ်ကို ရှင်းထုတ်ပြီး တခြား လိုအပ်နေတဲ့ နေရာတွေအတွက် အသုံးစရိတ် ရှာဖွေဖွယ် ရှိနေပါတယ်။

ဒီယက်ဇ်ကိုလည်း ဘာစီလ်ိုနာ အပါအဝင် စပိန် လာလီဂါ ကလပ်အသင်းတွေနဲ့ ဥရောပ ကလပ်အသင်းကြီးတွေက စိတ်ဝင်တစား ရှိနေကြပြီး ဒီယက်ဇ်ရဲ့ ဖခင်ဖြစ်သူကတော့ သူ့သားက ဘာစီလိုနာအသင်းမှာ ကစားခွင့် ရချင်နေတယ်လို့ အင်တာဗျူးဟောင်းတစ်ခုမှာ ပြောဆိုထားခဲ့ပါသေးတယ်။