နည်းပြကြီး ဒေးဗစ်မိုရက်စ်သာ ဒီဘောလုံးရာသီ အကုန်မှာ ဝက်စ်ဟမ်းအသင်းနဲ့ လက်တွဲဖြုတ်သွားခဲ့မယ်ဆိုရင် သူရဲ့နေရာမှာ လီဗာပူးလ် legend player ဟောင်း လက်ရှိ လေဗာကူဆင်အသင်း နည်းပြဖြစ်သူ ဇာဗီအလွန်ဆိုနဲ့ ပြန်လည် အစားထိုးသွားချင်နေတယ်လို့ သိရပါတယ်။

David Moyes has vowed to stay at West Ham this summer

Photo Credit : The Sun

ယူနိုက်တက် နဲ့ အဲဗာတန် နည်းပြဟောင်းကြီး မိုရက်စ်က ဒီရာသီအတွင်း ဝက်စ်ဟမ်းအသင်းကို အကောင်းဆုံးပုံစံ ဖြစ်နေနိုင် ဆောင်ရွက်ထားနိုင်ခြင်း မရှိပေမယ့် ရာသီကုန်ခါနီးမှာတော့ တန်းဆင်းဇုန်ထဲက လွတ်မြောက်အောင် နဲ့ ကွန်းဖရန့်လိဂ်စ်မှာ ဆီမီးဖိုင်နယ်အထိ တတ်လှမ်းနိုင်အောင် စွမ်းဆောင်ပေးထားခဲ့ပါတယ်။ ဒါပေမယ့် ရာသီအကုန်မှာ မိုရက်စ်က ဝက်စ်ဟမ်းနဲ့ လက်တွဲဖြုတ်သွားခဲ့မယ်ဆိုရင်တော့ သူ့နေရာမှာ လေဗာကူဆင် နည်းပြ အလွန်ဆိုနဲ့ အစားထိုးသွားဖွယ် ရှိနေပါတယ်။

Fantastic" 41 y/o Manager Now Strong Candidate For West Ham Job

Photo Credit : Football FanCast

ကစားသမားဘဝအတွင်း လီဗာပူးလ် ရီးယဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးပြီး ကစားသမားဘဝက အနားယူချိန်မှာ ဆိုစီဒက် အရန်နည်းပြအဖြစ် ဆောင်ရွက်ခဲ့တဲ့ အလွန်ဆိုက အခုတော့ လေဗာကူဆင်ရဲ့ နည်းပြပါ ဖြစ်နေရကာ အသင်းကိုလည်း နောက်ဆုံး ကစားထားတဲ့ (၁၃)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားပါတယ်။ ဒါ့အပြင် လေဗာကူဆင်ကို ယူ၇ိုပါလိဂ် ဆီမီးဖိုင်နယ်ထိ ပို့ဆောင်ထားနိုင်ခဲ့ပြီး တူဟယ်လ်ရဲ့ ဘိုင်ယန်အသင်းကိုပါ အနိုင်ယူထားခဲ့ပါသေးတယ်။

Photo Credit : Twitter

ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တဲ့ နည်းပြအလွန်ဆိုကို ဝက်စ်ဟမ်းအသင်းက ပရီးမီးယားလိဂ် ပြိုင်ပွဲဆ ီ ခေါ်ဆောင်သွားဖို့ ဆန္ဒရှိနေပြီး လက်ရှိ အင်္ဂလန်မှာ ကစားသမားဟောင်းကနေ နည်းပြနယ်ပယ်ထဲကို ပြောင်းလဲလာခဲ့ကြသူတွေထဲ အာတေတာ ကွန်ပနီတို့ အလုပ်ဖြစ်နေတာကြောင့် အလွန်ဆိုလို ကစားသမားဘဝအတွင်း အကောင်းဆုံး ကွင်းလယ်လူ ဖြစ်ခဲ့တဲ့ ဝက်စ်ဟမ်းဘက်က ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝက်စ်ဟမ်းအသင်းဟာ ကစားသမားကနေ နည်းပြတစ်ဦး ဖြစ်လာခဲ့တဲ့ သူတို့ ကစားသမားဟောင်း မိုက်ကယ်ကာရစ်ကိုလည်း ချိန်ရွယ်ထားလျက် ရှိနေပါသေးတယ်။