လာမယ့် ဈေးကွက်အတွင်းမှာ ကွင်းလယ်ပိုင်းကို မဖြစ်မနေ အင်အားဖြည့်တင်းရမယ့် လီဗာပူးလ်အသင်းဟာ ဒေါ့မွန်အသင်းရဲ့ အင်္ဂလန်ကြယ်ပွင့် ကစားသမားလေး ဘယ်လင်ဟမ်ကို မန်စီးတီး ရီးယဲလ်တို့နဲ့ အပြိုင် ကမ်းလှမ်းဖို့ လက်လျှော့သွားပြီးနောက် အင်တာမီလန်ရဲ့ အီတလီ ကွင်းလယ်လူ နီကိုလိုဘာရယ်လာကိုသာ စိတ်ဝင်စားလာခဲ့ပါတယ်။

Liverpool transfer news: Jurgen Klopp has identified 'top-class' £60m alternative to Jude Bellingham

Photo Credit : SPORTbible

တကယ်တော့ လီဗာပူးလ်အသင်းဟာ ဆယ်ကျော်သက် ကွင်းလယ်ကစားသမားလေး ဘယ်လင်ဟမ်ကို အလွန် စိတ်ဝင်စားခဲ့တာဖြစ်ပြီး လာမယ့်နွေမှာလည်း အရ ခေါ်ယူသွားဖို့ စီစဉ်ထားခဲ့ပေမယ့် ကစားသမားရဲ့ တန်ကြေးက ပေါင်သန်း(၁၀၀)အထက်ကိုမှ သန်း(၁၃၀)လောက် ရှိနေတဲ့အပြင် သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲမှာ ရီးယဲလ် စီးတီးတို့လည်း ပါဝင်နေတာကြောင့် နောက်ဆုံးမှာတော့ လီဗာပူးလ်က ဘယ်လင်ဟမ် race ထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။

Get LeBron James on the phone! Inter midfielder Nicolo Barella would help Liverpool fans get over Jude Bellingham blow | Goal.com US

Photo Credit : Goal

ဒါပေမယ့် ကွင်းလယ်ပိုင်းအတွက် အရည်အသွေးမြင့် player တစ်ဦးခန့်လောက် ဖြည့်တင်းရဖို့ ရှိနေတဲ့ လီဗာပူးလ်က ဘယ်လင်ဟမ်အစား အင်တာ ကွင်းလယ်လူ ဘာရယ်လာကို ပြောင်းလဲ ချိန်ရွယ်လာခဲ့ပါတယ်။ အင်တာရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ဘာရယ်လာဟာ ဥရောပရဲ့ ကွင်းလယ်ကစားသမားတွေထဲမှာ အကောင်းဆုံး တစ်ယောက် အပါအဝင် အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး သူနဲ့ အီတလီအသင်းမှာ တွဲဖက် ကစားခဲ့ဖူးသူ ဂျော်ဂျင်ဟိုကိုယ်တိုင် ဘာရယ်လာကို အန်ဂိုလိုကန်တေနဲ့ တူညီတဲ့ ကစားသမားလို့ပါ တင်စားပြောဆိုထားခဲ့ပါတယ်။

Photo Credit : Sempreinter

ဒီလို အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဘာရယ်လာကို လီဗာပူးလ်က မျက်စိကျလာခဲ့ပြီး ဒီကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်(၇၅)သန်းအထိ သုံးစွဲသွားဖို့လည်း စီစဉ်လာပါတယ်။ ဒါပေမယ့် အင်တာဘက်ကရော ဘာရယ်လာဘက်ကပါ ဒီအပြောင်းအရွှေ့အပေါ် စိတ်ဝင်စားဖွယ် မရှိပဲ အင်တာကလည်း သူတို့ ကစားသမားကို အသင်းမှာပဲ ဆက်လက် ထားရှိဦးမှာ ဖြစ်သလို ဘာရယ်လာလည်း အင်တာနဲ့ပဲ ဆက်လက် ဖြတ်သန်းဖို့သာ ရှိနေပါတယ်။ ဒါကြောင့် လီဗာပူးလ်အနေနဲ့ အခြားသော ကွင်းလယ်လူတွေဖြစ်တဲ့ မေဆန်မောင့် မာသီးယပ်စ်နူးနက်စ် ရာဘီအော့တို့ကို ပစ်မှတ်ထားနေရတာပဲ ဖြစ်ပါတယ်။