လီဗာပူးလ်အသင်းဟာ အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ တိုက်စစ်မှူး မိုဟာမက် ဆာလာရဲ့နေရာမှာ ရေရှည် အစားထိုးဖို့အတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမနီ တောင်ပံ တိုက်စစ်ကစားသမား လီရွိုင်း ဆာနေးကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ The Mirror ကနေ ဖော်ပြလာခဲ့ပါတယ်။

အီဂျစ် လက်ရွေးစင် တိုက်စစ်ကစားသမား ဆာလာက ဆော်ဒီကလပ်အသင်းတွေရဲ့ အလိုချင်ဆုံးသော ကစားသမားတစ်ဦး ဖြစ်နေတဲ့အပြင် လာမယ့် ဈေးကွက်တွေမှာလည်း ဆာလာကို အရ ခေါ်ယူနိုင်ဖို့အတွက် ငြင်းဆန်ရ ခက်ခဲနိုင်မယ့် ကမ်းလှမ်းမှုတွေလည်း လုပ်ဆောင်လာဖွယ် ရှိနိုင်ပါတယ်။

Photo Credit : TEAMtalk

အဲ့ဒီလို ကမ်းလှမ်းမှုတွေ ရောက်လာလို့ ဆာလာပါ ဖာဘင်ဟို ဟန်ဒန်ဆန်တို့နည်းတူ လီဗာပူးလ်ကို စွန့်ခွာပြီး ဆော်ဒီဆီ ပြောင်းရွှေ့သွားမယ်ဆိုရင် လီဗာပူးလ်က ဆာလာနေရာမှာ ပြန်လည် အစားထိုးဖို့အတွက် ကစားသမားများစွာကို စတင် ပစ်မှတ်ထားလာခဲ့ပါတယ်။

အခု Mirror ရဲ့ ဖော်ပြချက်မှာတော့ လီဗာပူးလ်က ဆာလာနေရာအတွက် အဓိက ပစ်မှတ်ထားနေတဲ့ ကစားသမားဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ ညာတောင်ပံ ကစားသမား ဆာနေးပဲ ဖြစ်ပါတယ်။

Photo Credit : Daily Express

အသက် (၂၇)နှစ်အရွယ် ဂျာမနီ လက်ရွေးစင် ကစားသမား ဆာနေးက သူရဲ့လက်ရှိကလပ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၂၀၂၅ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သက်တမ်း တိုးမြှင့်ဖို့လည်း လုပ်ဆောင်နေကြပေမယ့် လီဗာပူးလ်ကတော့ ဆာနေးကို အရခေါ်ယူဖို့ ရှိနေပါတယ်။

ဆာလာရဲ့ အနာဂတ် အခြေအနေက အရမ်း သေချာရေရာနေတဲ့ အနေအထားမှာ ရှိမနေနိုင်သေးတာဖြစ်လို့ ဆာလာ နေရာအတွက် ဆာနေးကို ပြောင်းရွှေ့ကြေးများစွာ အသုံးပြုပြီး ကမ်းလှမ်းသွားနိုင်သလို လိုအပ်ရင်လည်း နူးနက်ဇ်ကို ခေါ်ယူခဲ့စဉ်က အသုံးပြုခဲ့တဲ့ ပေါင် သန်း(၈၀)ထက်ပါ ကျော်လွန်ကာ သုံးစွဲသွားဖွယ်လည်း ရှိနိုင်ပါတယ်။