ပီအက်စ်ဂျီအသင်း နည်းပြ ခရစ္စတိုဖာဂယ်လ်တီယာက မနက်ဖြန်မှာ အာဂျက်စီယိုအသင်းနဲ့ ယှဉ်ပြိုင် ကစားသွားရမယ့် ပြင်သစ် လီဂူးဝမ်းပွဲစဉ်ထဲ အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ လီယွန်နယ်မက်ဆီ ပါဝင်လာလိမ့်မယ်လို့ ပွဲကြို သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားခဲ့ပါတယ်။

Lionel Messi returns for PSG! Christophe Galtier reveals Argentine will  start against Ajaccio as two-week suspension cut short | Goal.com US

Photo Credit : Goal

ပြီးခဲ့တဲ့ တစ်ပတ်က လော်ရီးယန့်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ဆော်ဒီအာရေဗျနိုင်ငံဆီ မိသားစုနဲ့ အလည်အပတ် ထွက်ခွာခဲ့တဲ့ မက်ဆီရဲ့ ဖြစ်ရပ်နဲ့ ပတ်သတ်ကာ ပီအက်စ်ဂျီဘက်က အသင်းရဲ့ ခွင့်ပြုချက်မရှိပဲ ဒီလို ခရီးထွက်ခွာမှု ပြုလုပ်ခဲ့တဲ့ မက်ဆီကို ပြစ်ဒဏ်တချို့ ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် မက်ဆီဘက်ကတော့ အသင်းနဲ့ အသင်းဖော်တွေအပေါ် ပြန်လည် တောင်းပန်ခဲ့ပြီး ဘာကြောင့် အခုလို ခရီးသွားရသလဲ ဆိုတာကိုပါ ရှင်းလင်း ပြောဆိုခဲ့ရာ ပီအက်စ်ဂျီဘက်ကလည်း မက်ဆီရဲ့ တောင်းပန်မှုကို လက်ခံခဲ့သလို မက်ဆီဟာလည်း ရက်ပိုင်းအတွင်းမှာပဲ သူရဲ့ ကလပ် အသင်းဖော်တွေနဲ့ပါ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ပြီ ဖြစ်ပါတယ်။

PSG : "Messi va démarrer contre Ajaccio" annonce Galtier

Photo Credit : Yahoo! Sports

မက်ဆီနဲ့ ပတ်သက်ပြီး ပီအက်စ်ဂျီနည်းပြ ဂယ်လ်တီယာက “လီယွန်နယ်မက်ဆီ အင်္ဂါနေ့က ဒီကို ပြန်ရောက်လာချိန် သူ ဘယ်လို စိတ်ထားမျိုး ရှိနေလဲဆိုတာကို သိဖို့ သူနဲ့ စကားပြောဆိုခဲ့ပါတယ်။ သူက အရမ်းကို တည်တည်ငြိမ်ငြိမ်ပါပဲ။ သူက ကစားခွင့်ရဖို့ အရမ်း စိတ်လှုပ်ရှားနေသလို နောက်ထပ် ဆုဖလားတွေကိုု ရယူဖို့လည်း စိတ်ပိုင်းဖြတ်ထားတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဟုတ်တယ်။ မနက်ဖြန်ပွဲမှာတော့ သူ ပါဝင် ကစားပါလိမ့်မယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Eurosport

 

မက်ဆီဟာ လာမယ့် ဇွန်လမှာပဲ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်ပြီး လက်ရှိမှာ သူ့အပေါ် လှောင်ပြောင် ကဲ့ရဲ့မှုတွေအပြင် ရိုင်းရိုင်းစိုင်းစိုင်း စော်ကားမှုတွေပါ လုပ်ဆောင်နေတဲ့ ပီအက်စ်ဂျီ ပရိသတ်တွေကြောင့် အသင်းနဲ့ လမ်းခွဲသွားဖွယ်သာ ရှိနေပါတယ်။ ဒီလို အခြေအနေမှာ မက်ဆီရဲ့ အသင်းဟောင်း ဘာစီလိုနာက မက်ဆီကို ပြန်လည် ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းနေသလို ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းကလည်း မက်ဆီကို သူတို့ ဆော်ဒီလိဂ်ဆီ အရ ခေါ်ဆောင်ချင်နေပါတယ်။