၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့အတူ ဝင်ရောက်ဆင်နွဲဖို့အတွက် ကာတာနိုင်ငံဆီ ရောက်ရှိနေပြီဖြစ်တဲ့ အာဂျင်တီးနားနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ တိုက်စစ်ကစားသမား GOAT ကြီး လီယွန်နယ်မက်ဆီက ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူရဲ့အာဂျင်တီးနားအသင်းထက် ချန်ပီယံဖြစ်နိုင်ခြေရှိတဲ့ အသင်း(၃)သင်းကို ရွေးချယ်ဖော်ပြသွားခဲ့ပါတယ်။

In a recent interview, Lionel Messi refused to name Argentina as potential World Cup winners

Photo Credit : Daily Mail

အာဂျင်တီးနား စူပါစတား ကစားသမားကြီး မက်ဆီဟာ ဒီတစ်ကြိမ် ကာတာနိုင်ငံမှာ ကျင်းပမယ့် 2022 world cup က သူ့ လက်ရွေးစင် ကစားသမားဘဝရဲ့ နောက်ဆုံးသော ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာတော့မှာမို့ ပြိုင်ပွဲရဲ့ချန်ပီယံ ဖြစ်လာအောင် အစွမ်းကုန် ကြိုးပမ်းလာဖွယ် ရှိနေပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ မကျင်းပခင် ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခြေ အရှိဆုံး အသင်းတွေကို ထုတ်ဖော်လာခဲ့ရာ မက်ဆီရဲ့ အာဂျင်တီးနားအသင်းပါ ပါဝင်လာခဲ့ပေမယ့် မက်ဆီကတော့ သူတို့အသင်းထက် သူတို့အသင်းရဲ့ မဟာပြိုင်ဘက် ဘရာဇီးလ် ပြင်သစ်နဲ့ အင်္ဂလန်အသင်းတွေကသာ ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်လာနိုင်ခြေ အရှိဆုံးလို့ ခန့်မှန်းပြောဆိုလိုက်ပါတယ်။

The Argentina superstar took part in national team training in Abu Dhabi on Monday afternoon

Photo Credit : Daily Mail

၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဗိုလ်စွဲနိုင်ခြေရှိတဲ့ အသင်းတွေအကြောင်းကို မေးမြန်းလာခဲ့ရာ မက်ဆီက “ရေပန်းစားနေတဲ့ အသင်းတွေက အမြဲတမ်း အတူတူပါပဲ။ အံ့အားသင့်စရာတွေ လုပ်ဆောင်နိုင်တာမျိုးက အနည်းငယ် ရှိတတ်ပေမယ့်လည်း ယေဘုယျအားဖြင့်ကတော့ အသင်းကြီးများကသာ ရေပန်းစားတတ်တာပါ။ ကျန်တဲ့အသင်းတွေရဲ့ အထက်မှာ ဘရာဇီးလ် ပြင်သစ် အင်္ဂလန်တို့ ရှိနေပါတယ်။ ယနေ့ခတ်မှာ ဒီအသင်းတွေက ကျန်တဲ့ အသင်းတွေထက် အနည်းငယ် သာလွန်နေတယ်လို့ ဆိုနိုင်ပေမယ့် ဘာမဆိုလည်း ဖြစ်သွားနိုင်ပါတယ်” လို့ ဖြေဆိုသွားခဲ့ပါတယ်။ မက်ဆီရဲ့ အာဂျင်တီးနားအသင်းဟာ နည်းပြစကာလိုနီလက်ထက်မှာ ရလဒ်ကောင်းတွေ ဆက်တိုက် ရယူလာနိုင်ခဲ့ပြီး ကိုပါအမေရိကဖလားနဲ့ ဥရောပ-တောင်အမေရိကဖလား Finalissima ချန်ပီယံပါ ဖြစ်ထားခဲ့တဲ့အပြင် ပြိုင်ပွဲစုံမှာလည်း (၃၅)ပွဲအထိ တောက်လျှောက် ရှုံးပွဲမရှိအောင်ပါ စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေကြောင့် အာဂျင်တီးနားအသင်းကို ၂၀၂၂ကမ္ဘာ့ဖလားမှာ ချန်ပီယံအတွက် ရေပန်းစားတဲ့ အသင်းတွေထဲ ထည့်သွင်းထားတာဖြစ်ပြီး မက်ဆီကိုယ်တိုင်ကလည်း ဒီတစ်ကြိမ်က သူရဲ့ နောက်ဆုံး world cup ဖြစ်တာကြောင့် world cup champion ဖြစ်လာအောင် အသင်းဖော်တွေနဲ့အတူ ကြိုးပမ်း စွမ်းဆောင်ဖွယ် ရှိနေပါတယ်။